အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
အမြန်ဆုံးဓါးသမား "ဝမ်းရီ" ဟာ မိတ်ဆွေဖြစ်သူ "နန်းစန်း" ရဲ့ အကူအညီတောင်းခံမှုကြောင့် သိုင်းလောကသားတိုင်း မက်မောကြတဲ့ "ရွှေဘီလူး" ရုပ်တု ကို "နန်းစန်း" နဲ့အတူ ကူညီသယ်ယူပို့ဆောင်ပေးဖို့ သဘောတူခဲ့ပြီးနောက်ပိုင်း အန္တရာယ်မျိုးစုံဟာ သူ့အပေါ် ကျရောက်လာခဲ့ပါတယ်။
ဒါကြောင့် "ဝမ်းရီ" လည်း မိတ်ဆွေဖြစ်သူ "ဆင့်ဆင့်အိ" ကို ထပ်ဆင့်အကူအညီတောင်းခဲ့ရပြီး မြို့စားကြီး "နန်းကုန်း" ရဲ့ သိုင်းကွက်တွေ ထည့်သွင်းထားတယ်ဆိုတဲ့ "ရွှေဘီလူး" ရုပ်တုကို အဝယ်တော်ဖြစ်တဲ့ "တင့်ကျန်းမြို့" က "ရေနဂါး" ဆီ ရောက်အောင် ပို့ဆောင်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။
လမ်းခရီးမှာ "ဆင့်ဆင့်အိ"၊ "ဝမ်းရီ" နဲ့ "နန်းစန်း" တို့ဟာ "တောင်ပိုင်းညီနောင်သုံးဖော်"၊ "ဝံပုလွေနီ" စတဲ့ ကြားဖြတ်လုယက်ကြသူတွေကို တိုက်ခိုက်ပြီး "ရေနဂါး" ထံကို အရောက်လာခဲ့ကြပေမယ့် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီးညမှာပဲ "ရေနဂါး" အသတ်ခံလိုက်ရသလို "ရွှေဘီလူး" ရုပ်တုလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် "ရွှေဘီလူး" ရုပ်တုကို လာရောက် ရောင်းချသူ "နန်းစန်း"၊ ရှေးဟောင်းပစ္စည်း အကဲဖြတ်သူ "ကျန်းပေါက်စန်း"၊ ရွှေဘီလူးရုပ်တု အတု၊ အစစ် စစ်ဆေးသူ "နန်းကုန်းယင်း"၊ ရေနဂါး ရဲ့ ကိုယ်ရံတော် လေသိုင်းသမား "ကောင်းထင်"၊ ရေနဂါး ရဲ့ ဇနီး "ရှောက်ရှမ်း"၊ ရေနဂါး ရဲ့ ညီ "ရေကျီးကန်း" တို့အားလုံးဟာ သံသယတရားခံတွေ ဖြစ်လာကြပြီး ... ။
📚၂ အုပ်တွဲ