သိုင်းစာစဥ်တွေမှာ ပါဝင်တဲ့ ဇာတ်လိုက်အများစုဟာ ဇာတ်လမ်းအစကတည်းက သိုင်းပညာထူးချွန်သူနဲ့ ဇာတ်လမ်းအစမှာ သိုင်းပညာ မတတ်ပေမယ့် နောက်ပိုင်းမှာ ချောက်ထဲကျ၊ အသီးစား၊ အကောင်ပလောင်စား၊ သိုင်းကျမ်းတွေ့၊ ဆရာကောင်းတွေ့ပြီး သိုင်းပညာထူးချွန်လာသူရယ်လို အဓိကအားဖြင့် နှစ်မျိုးနှစ်စားပဲ ရှိပါတယ်။
ဒါပေမဲ့ တချို့သော ဇာတ်လိုက်တွေကတော့ ဇာတ်လမ်းအစမှာကတည်းက သိုင်းပညာကို ဝါသနာမပါ၊ သင်ယူဖိုလည်း စိတ်မဝင်စားကြသလို ဇာတ်လမ်းပြီးဆုံးကာနီးအထိလည်း သိုင်းပညာလုံးဝမတတ်ဘဲ (တချို့လည်း အနည်းအကျဥ်း တတ်မြောက်ပြီး) သိုင်းလောကထဲ ကျင်လည်နေတဲ့ ဇာတ်လိုက်တွေ ဖြစ်ပါတယ်။
အဲဒီလို ဇာတ်လမ်းအစကနေ ဇာတ်လမ်းပြီးဆုံးကာနီးအချိန်အထိ သိုင်းပညာမတတ်တဲ့ (တချိုလည်း အနည်းအကျဥ်းသာတတ်တဲ့၊ တချို့လည်း သိုင်းပညာ ပြန်လည်ဆုံးရှုးသွားတဲ့) ဇာတ်လိုက်တွေကို သိုင်းမတတ်တဲ့ဇာတ်လိုက်များ အဖြစ် စုစည်းဖော်ပြလိုက်ပါတယ်။
Page မှာ မတင်ရသေးတဲ့ သိုင်းမတတ်တဲ့ဇာတ်လိုက်များ ကိုလည်း Page မှာ တင်ပြီးတာနဲ့ Update တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။