စာပေသမားလူငယ်လေး "အိုရန်မု" ဟာ ဖခင်ကြီး "အိုရန်ကျူးရှဲ" ကွယ်လွန်သွားပြီးနောက် တိုင်းကျိုးပြည်ပြု ကဗျာလင်္ကာတွေရေးဖွဲဖို့အတွက် တိုင်းတပါးသား ကျူးကျော်သူတွေရှိရာ "မြစ်ဝါမြစ်ကမ်း" ကို ခရီးထွက်လာခဲ့ပါတယ်။
အဲဒီအချိန်ဟာ တရုတ်ပြည်ကို "ကျင်းလူမျိုး" တွေက ကျူးကျော်တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပြီး မြစ်ဝါမြစ် ရဲ့ တစ်ဖက်ကမ်းမှာ "ကျင်းလူမျိုး" တွေ တပ်စွဲထားသလို တစ်ဖက်ကမ်းမှာတော့ တရုတ်တပ်တွေနဲ့ မျိုးချစ်တွေက စောင့်ကြည့်ကာကွယ်နေရတဲ့အချိန်ဖြစ်ပါတယ်။
"အိုရန်မု" တစ်ယောက် မြစ်ဝါမြစ်ကမ်းဒေသကို ရောက်လာတဲ့အခါ "ကျင်းလူမျိုး" တွေရှိရာ တစ်ဖက်ကမ်းကို ခိုးကူးပြီး သမင်ဖမ်းဖို လူအင်အားစုဆောင်းနေတဲ့ မုဆိုးကြီး "မားပင်" က အကောက်ကြံလှည့်စားခဲ့တာကြောင့် စာပေသမား "အိုရန်မု" လည်း အမဲလိုက်မုဆိုးတွေနဲ့အတူ လိုက်ပါသွားခဲ့ရပါတယ်။
တစ်ဖက်ကမ်းအရောက်မှာတော့ သူတို့ရဲ့ သမင်ဖမ်းဆီးမှုဟာ မအောင်မြင်ခဲ့ကြဘဲ ကျင်းလူမျိုးတွေရဲ့ သစ္စာခံဖြစ်နေသူ မုဆိုး "ကျောက်ကျင်း" ရဲ့လက်ချက်နဲ့ "မားပင်" တို့ လူတစ်သိုက် သေကြေထွက်ပြေးခဲ့ရသလို ကျင်းလူမျိုးတွေရဲ့ "မိစ္ဆာလှေကြီး" ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောပါနစ်ပြီး "အိုရန်မု" လည်း သေလုမြောပါး ဖြစ်ခဲ့ရပါတယ်။
ကံကောင်းချင်တော့ "မားပင်" ရဲ့သမီးဖြစ်သူ "မားယဥ်" ရဲ့ ကယ်တင်ကုသပေးမှုနဲ့ "အိုရန်မု" ကျန်းမာလာခဲ့ပြီးနောက် သူတို့နှစ်ဦးလည်း ချစ်ခင်နှစ်သက် လက်ထပ်ခဲ့ကြရင်း သမီးလေး မွေးဖွားလာခဲ့သလို ကံဆိုးချင်တော့လည်း "ကျောက်ကျင်း" ရဲ့ လက်ချက်နဲ့ သမီးလေး သေဆုံးသွားရတဲ့အခါ "မားပင်"၊ "အိုရန်မု" နဲ့ "မားယဥ်" တို့ဟာ ... ။
📚 ၂ အုပ်တွဲ