"လျှံယုစိမ်း" ဟာ "ကျင်းယုံ" (Jin Yong) နဲ့ "ကုလုံ" (Gu Long) တို့လိုပဲ ၂၀ ရာစုနှောင်းပိုင်းမှာ လူသိများခဲ့တဲ့ ဝူရှစာရေးဆရာတစ်ဦးပါ။
သူ့ရဲ့ စာရေးသက်တမ်းတစ်လျောက် စုစုပေါင်း ဝတ္ထု ၃၅ ပုဒ်ကို ရေးသားခဲ့ပြီး "Baifa Monü Zhuan"၊ "Yunhai Yugong Yuan"၊ "Qijian Xia Tianshan" နဲ့ "Pingzong Xiaying Lu" စတဲ့ ဝတ္ထုတွေက ပိုမို လူသိများပါတယ်။
"လျှံယုစိမ်း" ဟာ ကဗျာကို နှစ်သက်သူဖြစ်တာကြောင့် သူ့ရဲ့ ဝတ္ထုတွေမှာ ကဗျာလေးတွေကို ထည့်သွင်းရေးသားလေ့ရှိပါတယ်။ သူရဲ့ ဇာတ်ကောင်တွေကိုလည်း သိုင်းပညာအပြင် စာပေပညာကိုပါ စွမ်းရည်ပြည့်ဝသူတွေအဖြစ် ဖော်ကျူးထားလေ့ ရှိပါတယ်။
"လျှံယုစိမ်း" ဟာ "ကျင်းယုံ" လိုပဲ ဝတ္ထုတွေမှာသမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို ပေါင်းစပ် ထည့်သွင်း ရေးသားလေ့ရှိပေမယ့် တခြားစာရေးဆရာတွေလို "ရှောင်လင်" နဲ့ "ဝူတန်" ကို သိုင်းလောကရဲ့ ပင်မထောက်တိုင်ကြီးတွေအဖြစ် အထူးပြု ရေးသားလေ့ မရှိပါဘူး။
အဲဒီအစား သူက "ထင်းစန်းဂိုဏ်း/မိုးတောင်ဂိုဏ်း" [Mount Heaven School (Tianshan Sect)] ကို ထိပ်တန်းဂိုဏ်းကြီးအဖြစ် ဖော်ညွှန်း ပုံဖော်ခဲ့ပြီး သူ့ရဲ့ ဝတ္ထု အများစုဟာ "မင်မင်းဆက်ခေတ်" နဲ့ "ချင်မင်းဆက်ခေတ်" ကို ဇာတ်အိမ်တည်ထားပါတယ်။
"လျှံယုစိမ်း" ရဲ့ ဝတ္ထုတွေကတော့
၁။ Nüdi Qiying Zhuan [1961–1962]
၂။ Datang Youxia Zhuan [1963–1964]
၃။ Longfeng Baochai Yuan [1964–1966]
၄။ Huijian Xinmo [1966–1968]
၅။ Wulin Tianjiao [1978–1982]
၆။ Feifeng Qianlong [1966]
၇။ Kuangxia Tianjiao Monü [1964–1968]
၈။ Hanhai Xiongfeng [1968–1970]
၉။ Mingdi Fengyun Lu [1968–1972]
၁၀။ Fengyun Leidian [1970–1972]
၁၁။ Huanjian Qiqing Lu [1959–1960]
၁၂။ Pingzong Xiaying Lu [1959–1960]
၁၃။ Sanhua Nüxia [1960–1961]
၁၄။ Lianjian Fengyun Lu [1961–1962]
၁၅။ Guangling Jian [1972–1976]
၁၆။ Wulin Sanjue [1972–1976]
၁၇။ Wudang Yijian [1980–1983]
၁၈။ Baifa Monü Zhuan [1957–1958]
၁၉။ Saiwai Qixia Zhuan [1956–1957]
၂၀။ Qijian Xia Tianshan [1956–1957]
၂၁။ Jianghu San Nüxia [1957–1958]
၂၂။ Bingpo Hanguang Jian [1962]
၂၃။ Bingchuan Tiannü Zhuan [1959–1960]
၂၄။ Yunhai Yugong Yuan [1961–1963]
၂၅။ Binghe Xijian Lu [1963–1965]
၂၆။ Fenglei Zhen Jiuzhou [1965–1967]
၂၇။ Xiagu Danxin [1967–1969]
၂၈။ Jianwang Chensi [1976–1980]
၂၉။ Huanjian Lingqi [1980–1981]
၃၀။ Youjian Jianghu [1969–1972]
၃၁။ Muye Liuxing [1972–1975]
၃၂။ Tanzhi Jinglei [1977–1981]
၃၃။ Juesai Chuanfeng Lu [1975–1978]
၃၄။ Caomang Longshe Zhuan [1954–1955]
၃၅။ Longhu Dou Jinghua [1954] တို့ ဖြစ်ပါတယ်။
အမှတ်စဥ် ၁ ကနေ ၄ အထိဟာ "ထန်မင်းဆက်ခေတ်" ၊ အမှတ်စဥ် ၅ ကနေ ၁၀ အထိဟာ "စုန်မင်းဆက်ခေတ်"၊ အမှတ်စဥ် ၁၁ ကနေ ၁၈ အထိဟာ "မင်မင်းဆက်ခေတ်"၊ အမှတ်စဥ် ၁၉ ကနေ ၃၅ အထိဟာ "ချင်မင်းဆက်ခေတ်" ကို ဇာတ်အိမ်တည်ထားပါတယ်။
ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ အနေနဲ့ကတော့ ၂၉ ခု ထွက်ရှိထားပါတယ်။ အဲဒါတွေကတော့
၁။ Seven Swordsman Leave Tianshan (1959)
၂။ The Jade Bow (1966)
၃။ The Patriotic Knights (1971)
၄။ Chronicles of the Shadow Swordsman (1977)
၅။ To Kill the Big Villain in Mt. Tai (1980)
၆။ White Hair Devil Lady (1980)
၇။ The Spy in the Palace (1981)
၈။ Jade Bow Connections (1984)
၉။ Chronicles of the Shadow Swordsman (1985)
၁၀။ The Romance of the White Hair Maiden (1986 TV series)
၁၁။ Revenge of Swordsmanship (1986)
၁၂။ The Bride with White Hair - 1 (1993)
၁၃။ The Bride with White Hair - 2 (1993)
၁၄။ The Romance of the White Hair Maiden (1995 TV series)
၁၅။ Legend of the White Hair Brides (1996 TV series)
၁၆။ Romance of the White Haired Maiden (TV series) (1999)
၁၇။ Lofty Waters Verdant Bow (2002)
၁၈။ Heroic Legend (2003)
၁၉။ Seven Swords (2005)
၂၀။ Seven Swordsmen (2006)
၂၁။ Vagabond Vigilante (2006)
၂၂။ Paladins in Troubled Times (2008)
၂၃။ The Patriotic Knights (2010)
၂၄။ Tracking Knights Phantom (2011)
၂၅။ The Bride with White Hair (TV series) (2012)
၂၆။ The White Haired Witch of Lunar Kingdom (2014)
၂၇။ The Seven Swords (movie trilogies) (2018 - 2020)
၂၈။ The White Haired Witch (2020)
၂၉။ The First Sword of Wudang (2021) တို့ ဖြစ်ပါတယ်။
မြန်မာဘာသာပြန်စာအုပ်တွေကို စုစည်းတဲ့နေရာမှာတော့ မူရင်းစာအုပ်၊ ဒါမှမဟုတ် အင်္ဂလိပ်ဘာသာပြန်စာအုပ်တွေနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်ခြင်း မရှိပါဘူး။
ဒါကြောင့် စာအုပ်အဖုံးပါ ဖော်ပြချက်တွေကိုပဲ အတည်ပြုထားရတဲ့အတွက် ကွဲလွဲမှု ရှိနိုင်ပါတယ်။ လတ်တလော ရှာဖွေတွေ့ရသမျှ "လျှံယုစိမ်း" ရဲ့ မြန်မာဘာသာပြန် စာအုပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။