တရုတ်ပြည်ကို မန်ချူးတွေ ကျူးကျော်ဝင်ရောက်နေချိန်မှာ သိုင်းလောကကို အတွေ့အကြုံရှာဖွေဖို့ ဆင်းလာတဲ့ "ဝူတန်" ဂိုဏ်းသား "ချင်ယွမ်း"၊ "မီးတောင်ကျွန်း" ကနေ ပြည်မကို အလည်လာတဲ့ "ကျင်းကြူလျှိုး"၊ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေတဲ့ "မိုးယက္ခဂိုဏ်း" ရဲ့ မျိုးဆက် "လိနန်းရှင်း" တို့ဟာ မျိုးချစ်စိတ်ရှိတဲ့ အဖြူရောင်သိုင်းသမား လူငယ်တွေအဖြစ် စုဖွဲ့မိကြပါတယ်။
"မန်ချူး" တွေနဲ့ ပူးပေါင်းထားတဲ့ "မိုးအာကာဂိုဏ်း" အပါအဝင် ကိုယ်ကျိုးရှာ သစ္စာဖောက် သိုင်းလောကသားတွေနဲ့ အဖြူရောင်လူငယ်သိုင်းသမားတွေ ထိပ်တိုက်ရင်ဆိုင်မိကြရင်း "မိုးအာကာဂိုဏ်း" က မန်ချူးတွေကို လက်ဆောင်ပေးမယ့် "မဟူရာသံနက်ဆန်း" ကို "ကျင်းကြူလျှိုး" က ရယူပြီး ဓါးကောင်းတစ်လက် သွန်းလုပ်ခဲ့သလို "ချင်ယွမ်း" ကလည်း ... ။
📚 ၅ အုပ်တွဲ