"တက္ကသိုလ် ဝင်းကြွယ်" ရဲ့ စာစဥ်တွေအထဲမှာ စာဖတ်သူတွေ သိပ်မသိကြတဲ့ Universe လေးတစ်ခုကတော့ "မှဲ့ရှစ်လုံးရှင် သိုင်းဥကင်" (၁၀ အုပ်တွဲ) နဲ့ သူ့ရဲ့ စာစဥ်တွဲအဆက်တွေဖြစ်တဲ့ "အရိုင်းမေတ္တာ" (၃ အုပ်တွဲ)၊ "သိုင်းသစ္စာရှင်" (၂ အုပ်တွဲ)၊ "သစ္စာသခင်နှင့် မေတ္တာရှင်" (၄ အုပ်တွဲ) စာစဥ်တွေပဲ ဖြစ်ပါတယ်။
ဒီစာစဥ်တွဲမှာ "မှဲ့ရှစ်လုံးရှင် သိုင်းဥကင်" ကို "မန်ချူးခေတ်" မတိုင်မီ၊ "မင်မင်းဆက်" နှောင်းပိုင်းကို စတင်အခြေတည်ထားပြီး နောက်ပိုင်းစာစဥ်တွေကတော့ မန်ချူးခေတ် ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
("အရိုင်းမေတ္တာ" နဲ့ "သိုင်းသစ္စာရှင်" ရဲ့ကြားမှာ "အရိုင်းမေတ္တာနှင့်သိုင်းသစ္စာ" အမည်ရှိ စာစဥ်တွဲတစ်တွဲရှိနိုင်သေးပေမယ့် PDF တော့ ရှာမရတော့ပါဘူး။)
"အရိုင်းမေတ္တာနှင့်သိုင်းသစ္စာ" စာစဥ်ကတော့ "ကျောင်းပိယောင်" ရဲ့ ငယ်စဥ်ဘဝ ဖြတ်သန်းမှုတွေအကြောင်းဖြစ်ပြီး "ထိုက်လီချူဆိုင်း" ["ကျောင်းပိယောင်" ရဲ့ဖခင် "ကျောင်းစန်းလိုင်" ရဲ့ ဆရာ]၊ "ကျင်းမူ" ["ကျောင်းပိယောင်" ရဲ့ မိခင် "ချန်မေချင်း" ရဲ့ အထိန်းတော်]၊ "ထိုက်ယုဝန်" [ "ကျောင်းပိယောင်" ရဲ့ ချစ်သူ၊ ခွန်းလွန်ဂိုဏ်းသား] တို့က အဓိက ဇာတ်ကောင်တွေ ဖြစ်ကြပါတယ်။
မှဲ့ရှစ်လုံးရှင် Universe ကို ဖတ်ချင်သူတွေအတွက် PDF ရှာဖွေရသမျှကို တစုတစည်းတည်း စုစည်းပေးထားပါတယ်။
"မှဲ့ရှစ်လုံးရှင် သိုင်းဥကင်" စာစဥ်မှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေကတော့ မိဘသဘောမတူသူကို လက်ထပ်မိတဲ့ "နဂါးဖြူဂေဟာ" သခင်မလေး "ပိုင်စုကျင်"၊ မှဲ့ရှစ်လုံးနဲ့ ထူးထူးခြားခြား မွေးဖွားလာသူ "ရှီးထင်ချိတ်" [နောင်တွင် "နဂါးဂိုဏ်း ၇ ခု" ၏ ဦးစီးခေါင်းဆောင်၊ "ကဝိမနော" ဂိုဏ်းချုပ်ဖြစ်လာ]၊ "ရှီးထင်ချိတ်" ကို ငယ်စဥ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ "နဂါးဖြူဂေဟာ" က အိမ်ဖော်မလေး "ချင်းချင်း" [နောင်တွင် "မိစ္ဆာမနောဂိုဏ်းချုပ်" ဖြစ်လာ] စသူတွေ ဖြစ်ပါတယ်။
"အရိုင်းမေတ္တာ" စာစဥ်မှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေက ခွန်းလွန်ဂိုဏ်းသားဟောင်း "ကျောင်းစန်းလိုင်"၊ "သစ်စိမ်းပိတုံးဂေဟာ" က မိန်းကလေး "ချန်မေချင်း"၊ "ဘီလူးဂိုဏ်း" ရဲ့ နောက်ဆုံးမျိုးဆက် "ကုလေး"၊ မွန်ဂိုအမျိုးသမီးလေးတွေဖြစ်တဲ့ "ယန်ဂျာ" နဲ့ "ယန်ကူ" တို့ဖြစ်ပြီး "မှဲ့ရှစ်လုံးရှင် သိုင်းဥကင်" စာစဥ်က ဇာတ်လိုက်ကျော်၊ ကဝိမနောဂိုဏ်းချုပ် "ရှီးထင်ချိတ်" ကတော့ ဇာတ်လမ်းအစပိုင်းမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
"အရိုင်းမေတ္တာ" နဲ့ "သိုင်းသစ္စာရှင်" ရဲ့ကြားမှာ "အရိုင်းမေတ္တာနှင့်သိုင်းသစ္စာ" အမည်ရှိ စာစဥ်တွဲတစ်တွဲရှိနိုင်သေးပေမယ့် PDF တော့ ရှာမရတော့ပါဘူး။ ဒီစာစဥ်က "ကျောင်းပိယောင်" ရဲ့ ငယ်စဥ်ဘဝ ဖြတ်သန်းမှုတွေအကြောင်းဖြစ်ပြီး "ထိုက်လီချူဆိုင်း" ["ကျောင်းပိယောင်" ရဲ့ဖခင် "ကျောင်းစန်းလိုင်" ရဲ့ ဆရာ]၊ "ကျင်းမူ" ["ကျောင်းပိယောင်" ရဲ့ မိခင် "ချန်မေချင်း" ရဲ့ အထိန်းတော်]၊ "ထိုက်ယုဝန်" [ "ကျောင်းပိယောင်" ရဲ့ ချစ်သူ၊ ခွန်းလွန်ဂိုဏ်းသား] တို့က အဓိက ဇာတ်ကောင်တွေ ဖြစ်ကြပါတယ်။
"သိုင်းသစ္စာရှင်" စာစဥ်မှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေကတော့ ပျားဖွပ်သမားလေး "ကျန်းယိမင်း"၊ ဘီလူးဂိုဏ်းချုပ် "ကုလေး"၊ "ကျောင်းစန်းလိုင်" ရဲ့သမီး "ကျောင်းပိယောင်"[နောင်တွင် ဘီလူးဂိုဏ်းချုပ်ဖြစ်လာ]၊ ဘီလူးဂိုဏ်းသား မိန်းကလေး "ကူမိုင်ခန်း" [နောင်တွင် "ဘီလူးဂိုဏ်း" ကို "ကျောင်းပိယောင်" နဲ့ စင်ပြိုင်တည်ထောင်ဖို့ကြိုးစား]၊ "ယန်ဂျာ"၊"ယန်ကူ" ညီအစ်မတို့ ဖြစ်ပြီး "မှဲ့ရှစ်လုံးရှင် သိုင်းဥကင်" စာစဥ်က "မိစ္ဆာမနော" ဂိုဏ်းချုပ်ဟောင်း "ချင်းချင်း" လည်း ပြန်လည် ပါဝင်လာခဲ့ပါတယ်။
"သစ္စာသခင်နှင့် မေတ္တာရှင်" စာစဥ်မှာတော့ "ကျန်းယိမင်း"၊ "ကူမိုင်ခန်း"၊ ကျောင်းပိယောင် နဲ့ "ကျင်းကော့ထန်" [ စီးရိနယ်စား မင်းသားလေး] တို့က အဓိက ဇာတ်ကောင်တွေဖြစ်ကြပြီး "မှဲရှစ်လုံးရှင် သိုင်းဥကင်" စာစဥ်က "မိစ္ဆာမနော" ဂိုဏ်းချုပ်ဟောင်း "ချင်းချင်း" လည်း ပြန်လည် ပါဝင်ပါတယ်။