"နဂါးဖြူဂေဟာ" က သခင်မလေး "ပိုင်စုကျင်" ဟာ မိဘသဘောမတူတဲ့ "နဂါးနက်ဂိုဏ်း" ဝင် "ဖျံကြီး ရှီးဟုန်" နဲ့ လက်ထပ်ပြီး ဇာတ်မြှုပ်နေထိုင်ခဲ့ပေမယ့် မှဲ့ရှစ်လုံးပါတဲ့ သားဦးလေး "ရှီးထင်ချိတ်" မွေးဖွားလာတဲ့နေ့မှာပဲ ခြေရာခံမိသွားတဲ့ ဖခင် "ပိုင်ကျင်လုံ" က "ဖျံကြီး ရှီးဟုန်" ကို သတ်ဖြတ်ခဲ့သလို မြေးဖြစ်သူကိုလည်း "ပိုင်စုကျင်" မသိအောင် အိမ်ဖော်မလေး "ချင်းချင်း" ကိုပေးအပ်ပြီး အဝေးကို ထွက်သွားစေခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် အရွယ်ရောက်လာတဲ့ "ရှီးထင်ချိတ်" ဟာ "ရှောင်လင်ကျောင်းက လျှို့ဝှက်ရတနာ" ကို ခိုးယူလာတဲ့ "ယန်ဖိန်ဖိန်" ကို ကယ်တင်မိရာက သိုင်းလောက အရှုပ်အထွေးတွေထဲမှာ ပါဝင်ပတ်သက်လာခဲ့ရပါတယ်။
"ရှီးထင်ချိတ်" ဟာ ထူးခြားတဲ့ မှဲ့ရှစ်လုံးရှင် ဖြစ်တာကြောင့် "ရှောင်လင်ကျောင်း" က ထိန်းသိမ်းထားတဲ့ "ရှောင်လင်စကြာအတွင်းအား"၊ "ကဝိမနောသိုင်းကျမ်း" နဲ့ "နဂါးကဝိအမိန့်တော် ကျောက်စိမ်းပြား" တို့ကို လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရသလို အကွဲကွဲအပြားပြားဖြစ်နေတဲ့ "နဂါးဂိုဏ်း ၇ ခု" ရဲ့ ဦးစီးခေါင်းဆောင်ဖြစ်လာခဲ့ပေမယ့် သိုင်းလောကထဲ တကျော့ပြန်ပေါ်လာတဲ့ "မိစ္ဆာမနောဂိုဏ်း" နဲ့ ရင်ဆိုင်ရချိန်မှာ မီးလောင်ခံရပြီး ရုပ်ပျက် ဆင်းပျက် ဖြစ်သွားရတဲ့အခါ ... ။
📚 ၁၀ အုပ်တွဲ