စိမ်းလဲ့ရေတံခွန်တောအုပ်ထဲမှာ ပျားဖွပ်ရင်း အေးအေးချမ်းချမ်း အသက်မွေးနေတဲ့ လူငယ်လေး "ကျန်းယိမင်း" တစ်ယောက် သစ်ပင်အိမ်မှာ အချုပ်နှောင်ခံနေရသူ အမျိုးသမီးကြီး "ယန်ကူ" ကို ကယ်တင်မိခဲ့ရာက သိုင်းလောက ပြသနာတစ်ခုထဲ တိုးဝင်မိခဲ့ပါတယ်။
"ယန်ကူ" ဟာ သိုင်းပညာတတ်မြောက်သူ မဟုတ်ပေမယ့် "သိုင်းပဒေသာလိုဏ်ဂူ" ထဲက အဆင့်မြင့်သိုင်းကျမ်းမျိုးစုံကို အာဂုံဆောင်ထားနိုင်သူဖြစ်တာကြောင့် မျောက်ဝံရိုင်း "တုလန်း" အပါအဝင် အမှောင်သိုင်းလောကသားများစွာက "ယန်ကူ" ကို အမိဖမ်းနိုင်ဖို့ အလိုရှိနေကြပါတယ်။
ဒါကြောင့် ရန်သူတွေရဲ့လက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ဖိုအတွက် "ကျန်းယိမင်း" ကို "ယန်ကူ" က "နဂါးလှိင်းစီး" သိုင်းကွက်၊ "တိမ်မီးခိုး" ကိုယ်ဖော့ပညာ၊ "နဂါးစွယ်" လက်နက်ပုန်းပညာ နဲ့ "ကဝိမနော" အတွင်းအားပညာကို သင်ကြားပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘီလူးဂိုဏ်းဝင်ဟောင်းတွေ ဖြစ်ကြတဲ့ "ကျောင်းစန်းလိုင်" နဲ့ "ချန်မေချင်း" တို့ရဲ့သမီး "ကျောင်းပိယောင်" ဟာလည်း တောအုပ်တစ်ခုထဲ သွားလာရင်း အဆိပ်မိနေတဲ့ မွန်ဂိုအမျိုးသမီးကြီး "ယန်ဂျာ" ကို ကယ်တင်မိခဲ့ပါတယ်။
"ယန်ဂျာ" ဟာ "ယန်ကူ" ရဲ့ အစ်မရင်းဖြစ်သလို "ကျောင်းစန်းလိုင်"၊ "ချန်မေချင်း" တို့နဲ့ သွေးသောက်ညီအစ်မ တော်စပ်တာကြောင့် "ကျောင်းပိယောင်" လည်း သူသိချင်နေတဲ့ သူမရဲ့ မိဘတွေအကြောင်း၊ "ဘီလူးဂိုဏ်း" နဲ့ ပတ်သက်ဆက်နွယ်မှုတွေအကြောင်းကို ပိုမိုသိရှိလာခဲ့ပါတယ်။
ဒါကြောင့် "ဘီလူးဂိုဏ်း" က စွန့်ခွာထွက်ပြေးလာတဲ့ သူ့မရဲ့ မိဘတွေကို အဖြူရောင်သိုင်းလောကသားတွေက အထင်မှားပြီး ဝိုင်းဝန်းတိုက်ခိုက်လာအောင် လုပ်ကြံဖန်တီး သတင်းမှားပေးခဲ့သူကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း "ကျန်းယိမင်း" တို့နဲ့ ဆုံစည်းမိခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘီလူးဂိုဏ်းချုပ် "ကုလေး" ကလည်း "မိစ္ဆာမနော" သိုင်းပညာကို ရဖို့အတွက် အဆင့်မြင့်သိုင်းကျမ်းမျိုးစုံကို အာဂုံဆောင်ထားနိုင်တဲ့ သွေးသောက်ညီမဟောင်း "ယန်ကူ" နဲ့ ဘီလူးဂိုဏ်းရဲ့ မျိုးဆက် "ကျောင်းပိယောင်" ကို လိုက်လံစုံစမ်းရှာဖွေနေပြီး ဒုက္ခပေးဖို့ ကြံစည်တဲ့အခါ ... ။
📚 ၂ အုပ်တွဲ