နန္ဒကျော်သူ ရဲ့ "ပန်းကလေးရဲ့ဓါးသမား"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ တက္ကသိုလ်နေလင်းအောင် ရဲ့ "ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ"၊ ၈ အုပ်တွဲ သိုင်းစာစဥ်ရဲ့ အနှစ်ချုပ်သဖွယ်ဖြစ်ပြီး ဇာတ်ကောင်အမည်တွေနဲ့ ဇာတ်သိမ်းပိုင်းသာ အနည်းငယ် ကွဲပြားပါတယ်။
"ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ" ဇာတ်သိမ်းပုံကို အားမရကြတဲ့ စာဖတ်သူတချို့အတွက်တော့ ဇာတ်လိုက်ဇာတ်ကောင်နေရာကို အပြောင်းအလဲပြုလုပ်ထားတဲ့ "ပန်းကလေးရဲ့ဓါးသမား" ဇာတ်သိမ်းခန်းက ပြန်လည် စိတ်ကျေနပ်မှုပေးနိုင်ပါလိမ့်မယ်။