"မသေသောနဂါး" ဓါးရဲ့ပိုင်ရှင် "ယန်ဆယ်စန်း" ဟာ နာမည်ကျော် "မရဏဓါးသိုင်း ၁၃ ကွက်" နဲ့ သိုင်းလောကမှာ ပြိုင်ဘက်တွေအားလုံးကို ယှဥ်ပြိုင်အနိုင်ယူခဲ့ပေမယ့် သူ့ရဲ့အကြီးမားဆုံး ရည်မှန်းချက်ကတော့ "ကျောက်စိမ်းရေကန်ဂေဟာ" က "သိုင်းလောကရဲ့ပထမဓါး" ပိုင်ရှင် "ရှန့်ရှောင်ဖုန်း" နဲ့ ယှဥ်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်။
"ကျောက်စိမ်းရေကန်ဂေဟာ" ကိုရောက်ရှိချိန်မှာ "ရှန့်ရှောင်ဖုန်း" ရဲ့ ခေါင်းတလားကို တွေ့မြင်ရပြီးနောက် ပြိုင်ဘက်ကောင်း ကင်းမဲ့သွားလို့ စိတ်ဓါတ်ကျသွားတဲ့ "ယန်ဆယ်စန်း" ဟာ သူ့ရဲ့ "မသေသောနဂါးဓါး" ကို ရေကန်ထဲစွန့်ပစ်ခဲ့ပြီး သိုင်းလောကကနေ ထွက်ခွာသွားခဲ့ပေမယ့် "ရှန့်ရှောင်ဖုန်း" ဟာ တကယ်မသေဘဲ ဇာတ်မြှုပ်နေတာကို သိသွားတဲ့အခါ ... ။
(နန္ဒကျော်သူ ရဲ့ "ပန်းကလေးရဲ့ဓါးသမား" ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ တက္ကသိုလ်နေလင်းအောင် ရဲ့ "ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ" ၈ အုပ်တွဲ သိုင်းစာစဥ်ရဲ့ အနှစ်ချုပ်သဖွယ်ဖြစ်ပြီး ဇာတ်ကောင်အမည်တွေနဲ့ ဇာတ်သိမ်းပိုင်းသာ အနည်းငယ် ကွဲပြားပါတယ်။
"ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ" ဇာတ်သိမ်းပုံကို အားမရကြတဲ့ စာဖတ်သူတချိုအတွက်တော့ ဇာတ်လိုက်ဇာတ်ကောင်နေရာကို အပြောင်းအလဲပြုလုပ်ထားတဲ့ "ပန်းကလေးရဲ့ဓါးသမား" ဇာတ်သိမ်းခန်းက ပြန်လည် စိတ်ကျေနပ်မှုပေးနိုင်ပါလိမ့်မယ်။
ရုပ်ရှင်ကြည့်ချင်တဲ့ သိုင်းလောကသားတွေအနေနဲ့တော့ စာရေးဆရာကြီး "ကုလုံ" ရဲ့ Sword of the Third Young Master (三少爺的劍) ကို ရိုက်ကူးထားပြီး "ယန်ဆယ်စန်း" (Yen Shi San) အဖြစ် "Peter Ho"၊ "ရှန့်ရှောင်ဖုန်း" (Hsieh Shao Feng) အဖြစ် "Lin Gengxin"၊ "မုယုံချူးတိ" (Mu Yung Chiu Ti) အဖြစ် "Jiang Yiyan" တို သရုပ်ဆောင်ထားကြတဲ့ Sword Master (2016) နဲ့ "Yen Shi San" အဖြစ် "Ling Yun" ၊ "Hsieh Shao Feng" အဖြစ် "Derek Yee"၊ "Mu Yung Chiu Ti" အဖြစ် Chen Ping တို သရုပ်ဆောင်ထားတဲ့ Death Duel (1977) တို့ကို ကြည့်ရှုနိုင်ပါတယ်။)
📚 ၈ အုပ်တွဲ