"ဓါးကိုးကွက်" သိုင်းသမား "ဝမ်ကြူး" ဟာ သိုင်းလောကမှာ ပြိုင်ဘက်တွေအားလုံးကို ယှဥ်ပြိုင်အနိုင်ယူခဲ့ပေမယ့် သူ့ရဲ့အကြီးမားဆုံး ရည်မှန်းချက်ကတော့ "နတ်ရေကန်" နံဘေးမှာရှိတဲ့ "ဓါးဝိဇ္ဇာဂေဟာ" က "ပထမဓါးရှောင်ဖုံး" နဲ့ ယှဥ်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်။
"ဓားဝိဇ္ဇာဂေဟာ" ကို သူ ရောက်ရှိလာချိန်မှာ "ရှောင်ဖုံး" ရဲ့ အုတ်ဂူကို တွေ့မြင်ရပြီး ပြိုင်ဘက်ကောင်း ကင်းမဲ့သွားလို့ စိတ်ဓါတ်ကျသွားတဲ့ "ဝမ်ကြူး" ဟာ "ရှောင်ဖုံး" တကယ်မသေဘဲ ဇာတ်မြှုပ်နေတာကို သိသွားပြီးတဲ့နောက် ရှာဖွေ ယှဥ်ပြိုင်တိုက်ခိုက်တဲ့အခါ ... ။
(နန္ဒကျော်သူ ရဲ့ "ပန်းကလေးရဲ့ဓါးသမား" ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ တက္ကသိုလ်နေလင်းအောင် ရဲ့ "ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ" ၈ အုပ်တွဲ သိုင်းစာစဥ်ရဲ့ အနှစ်ချုပ်သဖွယ်ဖြစ်ပြီး ဇာတ်ကောင်အမည်တွေနဲ့ ဇာတ်သိမ်းပိုင်းသာ အနည်းငယ် ကွဲပြားပါတယ်။
"ဓါးဘုရင်၏ အတ္ထုပ္ပတ္တိ" ဇာတ်သိမ်းပုံကို အားမရကြတဲ့ စာဖတ်သူတချိုအတွက်တော့ ဇာတ်လိုက်ဇာတ်ကောင်နေရာကို အပြောင်းအလဲပြုလုပ်ထားတဲ့ "ပန်းကလေးရဲ့ဓါးသမား" ဇာတ်သိမ်းခန်းက ပြန်လည် စိတ်ကျေနပ်မှုပေးနိုင်ပါလိမ့်မယ်)
📚 ၂ အုပ်တွဲ