"တက္ကသိုလ်သီဟအောင်" ရဲ့ "အသွင်မတူ သိုင်းပျိုဖြူ"၊ ၃ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ"၊ ၅ အုပ်တွဲသိုင်းစာစဥ်၊ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်"၊ ၃ အုပ်တွဲသိုင်းစာစဥ်တို့နဲ့ ဇာတ်ကောင်အမည်၊ ဇာတ်လမ်းဇာတ်ကွက်အချို့ကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။
"အသွင်မတူ သိုင်းပျိုဖြူ" ကို ၂၀၀၈ ခုနှစ်၊ "စိတ္တဇလိုဏ်ဂူသိုင်းပျိုဖြူ" ကို ၁၉၉၅ ခုနှစ်၊ "ခြောက်ဆယ့်လေးချက် ရွှေသိုင်းကွက်" ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။