တစ်ကောင်ကြွက်လူငယ်လေး "ယန်းစုကျုံး" ဟာ အတွင်းဒဏ်ရာရနေတဲ့ အပ်ချုပ်သမားအဖိုးအို "ကျန်ရှု" ရဲ့ အကူအညီတောင်းခံမှုကြောင့် သိုင်းကျမ်းထည့်သွင်းထားတဲ့ "ရွှေကြုတ်" တစ်ခုကို "ဟူယောင်" တောင်ထိပ်က "ကျောက်ဆစ်တောင်ဘုန်းတော်ကြီး" ဆီကို ပိုပေးဖို ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ လမ်းခရီးမှာ လူမနိုးသူခိုး "ဟူကျိုး" က "ရွှေကြုတ်" ကို ခိုးယူသွားခဲ့ပြီး အဆင့်ဆင့် လုယူခံခဲ့ရရင်း နောက်ဆုံးမှာ "စင်နန်မြို့စားကြီး" ရဲ့သမီး "စန်းကွမ်လင်း" ဆီရောက်ရှိသွားခဲ့ပါတယ်။
"ယန်းစုကျုံး" ဟာ ရွှေကြုတ်လေးပြန်ရဖို့ ကြိုးစားခဲ့ရာမှာ သိုင်းပညာအဆင့်နိမ့်တာကြောင့် မအောင်မြင်ခဲ့ပေမယ့် "တေးကဗျာသိုင်းသမား ရိလိရှန်" နဲ့ အရှေ့ပင်လယ်က "လူချန်ဟွာ" တို့ရဲ့ ကူညီမှုကြောင့်အသက်ချမ်းသာရခဲ့သလို "စိတ်ဝေဒနာသည်မလေး" ရဲ့ကျေးဇူးနဲ့ "တိမ်တောက်လက်ညှိုး" သိုင်းပညာကို ရရှိခဲ့ပြီးနောက် "မိစ္ဆာသိုင်းကျမ်း" နောက် တကောက်ကောက်လိုက်နေတဲ့ "မိစ္ဆာဂိုဏ်း" နဲ့ ရင်ဆိုင်ရတဲ့အခါ ... ။
📚 ၃ အုပ်တွဲ