စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်တွေကတော့ "တက္ကသိုလ် နေလင်းအောင်" ဘာသာပြန်ဆိုထားတဲ့ "သိုင်းလောကအငြိုးခံ မိုးပျံမြေခွေး" နဲ့ "ဝဏ္ဏအောင်" ဘာသာပြန်ဆိုထားတဲ့ "မြေခွေးမိုးပျံ သိုင်းအားမာန်" စာစဥ်တွေပဲဖြစ်ပါတယ်။
ဒီစာစဥ်တွေက စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ လက်ရာဖြစ်တဲ့ "နှင်းတောင်ထက်က မိုးပျံမြေခွေး" (Fox Volant of The Snowy Mountain) နဲ့ "မြေခွေးပျံ" (The Young Flying Fox) ကို ဘာသာပြန်ထားတာပါ။
Fox Volant of The Snowy Mountain ကို ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ဇွန်လ အထိ ဟောင်ကောင်အခြေစိုက် "ညနေခင်းသစ်" သတင်းစာမှာ အခန်းဆက် ဖော်ပြခဲ့ပါတယ်။ Fox Volant of The Snowy Mountain စာစဥ်ရဲ့ အဆက်ဖြစ်တဲ့ The Young Flying Fox ကိုတော့ ၁၉၆၀ ပြည့်နှစ် ကနေ ၁၉၆၂ ခုနှစ်အထိ ဟောင်ကောင်အခြေစိုက် Wuxia and History မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
"Fox Volant of The Snowy Mountain" နဲ့ "The Young Flying Fox" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ အများအပြားရှိတဲ့အထဲမှာ လူသိများတဲ့ မြန်မာဘာသာပြန် ဇာတ်ကားအမည်ကတော့ "နှင်းတောင်သူရဲကောင်း" ဖြစ်ပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 သိုင်းလောကအငြိုးခံ မိုးပျံမြေခွေး (တက္ကသိုလ် နေလင်းအောင်)
📖 မြေခွေးမိုးပျံ သိုင်းအားမာန် (ဝဏ္ဏအောင်)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️The Flying Fox in The Snowy Mountains (1964, 1978)
▪️The Hidden Fox (TBA)
▪️The Flying Fox of Snowy Mountain - TV Series (1985, 1991, 1999)
▪️Fox Volant of The Snowy Mountain - TV Series (2006)
▪️The Hidden Fox (2022)
▪️Legend of The Fox (1980)
▪️New Tales of The Flying Fox (1984)
▪️The Sword of Many Loves (1993)
▪️Side Story of Fox Volant - TV Series (2022)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်