နန္ဒကျော်သူ ရဲ့ "ဂြိုဟ်ကိုးလုံးဝင်္ကပါ"၊ ၃ အုပ်တွဲစာစဥ်ဟာ တက္ကသိုလ်ဝင်းကြွယ် ရဲ့ "သွေးစွန်းလမ်းမှ အရိပ်မဲ့ခြေရာ"၊ ၄ အုပ်တွဲစာစဥ်နဲ့ ဇာတ်ကောင်အမည်တွေသာ ကွဲပြားပြီး ဇာတ်လမ်းကတော့ အများစု ဆင်တူပါတယ်။
"တက္ကသိုလ်ဝင်းကြွယ်" ပဲ ရေးသားခဲ့တဲ့ "ကညာပျိုနှင့်ပြိုင်စံရှား"၊ ၄ အုပ်တွဲ စာစဥ်ကတော့ "သွေးစွန်းလမ်းမှ အရိပ်မဲ့ခြေရာ" နဲ့ ခေါင်းစဥ်အမည်သာ ကွဲပြားပြီး ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ကောင်အမည် အားလုံး ထပ်တူထပ်မျှ အတူတူပဲ ဖြစ်ပါတယ်။
"ကညာပျိုနှင့်ပြိုင်စံရှား" ကို ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဂြိုဟ်ကိုးလုံးဝင်္ကပါ" က ၂၀၀၇ ခုနှစ်၊ "သွေးစွန်းလမ်းမှ အရိပ်မဲ့ခြေရာ" က ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။