မိဘနှစ်ပါး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပေမယ့် လူမမယ်သားလေး "လုကျန်" ဟာ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ရှောင်လင်ဘုန်းတော်ကြီး "ကျိတ" က ကယ်တင်ခဲ့ပါတယ်။
"လုကျန်" အရွယ်ရောက်လာတဲ့အခါ မိဘတွေကို လုပ်ကြံသတ်ဖြတ်သွားတဲ့ ရန်သူကို ခြေရာခံရှာဖွေ ရင်း ဆရာကောင်းတွေ ကြုံတွေ့ခဲ့ပြီး ဂိုဏ်းပေါင်းစုံရဲ့ သိုင်းပညာတွေ တတ်မြောက်လာချိန်မှာ မိဘတွေ လုပ်ကြံခံရမှုဟာ "တာမိုသိုင်းကျမ်း" နဲ့ ပတ်သက်နေမှန်း သိလာရတဲ့နောက် ... ။
(နန္ဒကျော်သူ ရဲ့ "ဂြိုဟ်ကိုးလုံးဝင်္ကပါ" ၃ အုပ်တွဲစာစဥ်ဟာ တက္ကသိုလ်ဝင်းကြွယ် ရဲ့ "ကညာပျိုနှင့်ပြိုင်စံရှား" ၄ အုပ်တွဲစာစဥ်နဲ့ ဇာတ်ကောင်အမည်တွေသာ ကွဲပြားပြီး ဇာတ်လမ်းကတော့ အများစု ဆင်တူပါတယ်။
"တက္ကသိုလ်ဝင်းကြွယ်" ပဲ ရေးသားခဲ့တဲ့ "သွေးစွန်းလမ်းမှ အရိပ်မဲ့ခြေရာ" ၄ အုပ်တွဲ စာစဥ်ကတော့ "ကညာပျိုနှင့်ပြိုင်စံရှား" နဲ့ ခေါင်းစဥ်အမည်သာ ကွဲပြားပြီး ဇာတ်လမ်း ဇာတ်ကွက်၊ ဇာတ်ကောင်အမည် အားလုံး ထပ်တူထပ်မျှ အတူတူပဲ ဖြစ်ပါတယ်။
"ကညာပျိုနှင့်ပြိုင်စံရှား" ကို ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဂြိုဟ်ကိုးလုံးဝင်္ကပါ" က ၂၀၀၇ ခုနှစ်၊ "သွေးစွန်းလမ်းမှ အရိပ်မဲ့ခြေရာ" က ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်)
📚 ၄ အုပ်တွဲ