စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်တွေကတော့ "မိုးကျော်သူ" ဘာသာပြန်ဆိုထားတဲ့ "ဝူတန်တောင်မှ အညတရသိုင်းသမား" စာစဥ် နဲ့ "ပိုးမျှင်ပမာ သိုင်းကွန်ချာ" စာစဥ်တို့ပဲ ဖြစ်ပါတယ်။
ဒီစာစဥ်ဟာ စာရေးဆရာကြီး "ကုလုံ" နဲ့ ဇာတ်လမ်းတချို့ ပူးတွဲရေးသားခဲ့သူ စာရေးဆရာ Wong Ying ရဲ့ လက်ရာဖြစ်ပါတယ်။
မြန်မာစာတန်းထိုး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့တော့ တချိန်က မြဝတီရုပ်မြင်သံကြားမှာ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ "ပိုးမင်းသားရဲ့သိုင်းဝိညာဥ်" ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားအနေနဲ့ ဇာတ်ကား ၂ ကား၊ ဇာတ်လမ်းတွဲ ၂ တွဲ ထွက်ရှိခဲ့ပြီး "ပိုးမင်းသားရဲ့သိုင်းဝိညာဥ် (ပထမတွဲ)" လို့ လူသိများတဲ့ ၁၉၇၉ ခုနှစ်ထွက် "Reincarnated" နဲ့ "ပိုးမင်းသားရဲ့သိုင်းဝိညာဥ် (ဒုတိယတွဲ)" လို လူသိများတဲ့ ၁၉၉၃ ခုနှစ်ထွက် "Reincarnated II" တို့ကို လူသိ ပိုများပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 ဝူတန်တောင်မှ အညတရသိုင်းသမား (မိုးကျော်သူ)
📖 ပိုးမျှင်ပမာ သိုင်းကွန်ချာ (မိုးကျော်သူ)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️Bastard Swordsman (1983)
▪️Return of Bastard Swordsman (1984)
▪️Reincarnated - TV Series (1979)
▪️Reincarnated 2 - TV Series (1993)
▪️ပိုးမင်းသားရဲ့သိုင်းဝိညာဥ် (ပထမတွဲ)
▪️ပိုးမင်းသားရဲ့သိုင်းဝိညာဥ် (ဒုတိယတွဲ)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်