စောရလေး "ရှောင်ကျက်" ဟာ ဆိုင်တစ်ဆိုင်မှာ ပစ္စည်းဝင်ခိုးနေရင်း ဘုရင့်အာဏာကို ထိန်းချုပ်ထားတဲ့ အတွင်းဆောင်အကြီးအကဲ "လိုကျင့်" ရဲ့ မတရားသတ်ဖြတ်ခြင်းခံလိုက်ရသူ "အမတ်ကြီးလုချမ်း" ရဲ့ သား "လုသန်း" ကို ကြုံကြိုက် ကယ်တင်ပြီး "မြောင်နယ်ခြား" ကို ထွက်ပြေးလာခဲ့ကြပါတယ်။
"မြောင်နယ်ခြား" ကို ရောက်ရှိစဥ်မှာ "မိစ္ဆာလိုဏ်ဂူ" ထဲက "ပိုးတုံးလုံးကောင်" ရဲ့သွေးကို သောက်မိတဲ့အတွက် အတွင်းအားတွေ တိုးပွားလာပေမယ့် စောရအကျင့် မဖျောက်နိုင်တဲ့ "ရှောင်ကျက်" တစ်ယောက် ဘုရင့်နှမတော် "ကျင်ကျူးမင်းသမီး" ရဲ့ မြင်းကို ခိုးရောင်းစားမိရာက အစပြုကာ နန်းတွင်းနဲ့ ပတ်သက်လာခဲ့ရပြီး ဘုရင့်အာဏာ ထိန်းချုပ်နေတဲ့ "လိုကျင့်" အပြင် လက်စားချေဖို့ အစွန်းရောက်နေတဲ့ "လုသန်း" နဲ့ပါ ရင်ဆိုင်ရတဲ့အခါ ... ။
(မိုးကျော်သူ ရဲ့ "ပိုးမျှင်ပမာ သိုင်းကွန်ချာ" ၆ အုပ်တွဲသိုင်းစာစဥ်ဟာ တချိန်က နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲအဖြစ်ပါ အောင်မြင်ခဲ့တဲ့ "ပိုးမင်းသား" ၆ အုပ်တွဲ သိုင်းစာစဥ်ရဲ့ အဆက်ဖြစ်ပေမယ့် အဓိကဇာတ်ကောင်တွေနဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ အသစ်တွေ ဖြစ်ပါတယ်။)
📚 ၆ အုပ်တွဲ