စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ "ဆရာခွန်" ရဲ့ "သူရဲကောင်းသို တမ်းချင်းကဗျာ" ဖြစ်ပါတယ်။
မူရင်း ဝတ္ထုကတော့ စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ ၁၂ အုပ်မြောက် ဝတ္ထုဖြစ်တဲ့ "အကြင်နာနဲ့ စပ်တဲ့ကဗျာ" (俠客行) (Ode to Gallantry) ပါ။
၁၉၆၆ ခုနှစ်၊ ဇွန်လ ကနေ ၁၉၆၇ ခုနှစ်၊ ဧပြီလအထိ ဟောင်ကောင် "မင်ပေါင်း" သတင်းစာမှာ အခန်းဆက် ဖော်ပြခဲ့တဲ့ ဒီဝတ္ထုဟာ "ထန်မင်းဆက်" က ကဗျာဆရာ "လီဘိုင်" ရဲ့ ကဗျာတစ်ပုဒ်နဲ့ ခေါင်းစဉ်တူညီသလို အခန်းတချို့ဟာလည်း စာရေးဆရာကြီး "William Shakespeare" ရဲ့ Twelfth Night နဲ့ The Comedy of Errors ပါ အခန်းတချို့နဲ့ ဆင်တူတယ်လို့ဝေဖန်ခံခဲ့ရပါတယ်။
မြန်မာစာတန်းထိုး ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့တော့ "ပြန်လမ်းမဲ့ကျွန်း" (Ode to Gallantry) လို့ နာမည်ပေးထားတဲ့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ထွက် ရုပ်သံဇာတ်လမ်းတွဲတွေကို လူသိများပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 သူရဲကောင်းသို့ တမ်းချင်းကဗျာ (ဆရာခွန်)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️ပြန်လမ်းမဲ့ကျွန်း
▪️Ode to Gallantry (1982)
▪️Ode to Gallantry - TV Series (1985)
▪️Ode to Gallantry - TV Series (1989)
▪️Ode to Gallantry - TV Series (2002)
▪️Ode to Gallantry - TV Series (2017)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်