ဟီမူရာ ကင်ရှင်
စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ "Hotrod" ဘာသာပြန်ဆိုထားတဲ့ "ဟီမူရာ ကင်ရှင်" စာစဥ် ဖြစ်ပါတယ်။
ဂျပန်စာရေးဆရာ "နိုဘူဟီရို ဝါဆုကီ" ရဲ့ ထင်ရှားတဲ့ ရာဇဝင်နောက်ခံ သိုင်းဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ "Rurouni Kenshin" ကို စာရေးဆရာ Hotrod က "ဟီမူရာ ကင်ရှင်" လို အမည်ပေး ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
"Rurouni Kenshin" မူရင်း ကာတွန်းစာအုပ်မှာ စုစုပေါင်း ၂၈ အုပ်ရှိပြီး "Wandering Samurai"၊ "Legend of Kyoto"၊ "Cross - Shaped Scar" နဲ့ "Shadow of the Past" ဆိုတဲ့ စာစဥ်တွဲ ၄ တွဲ ပါဝင်ပါတယ်။
အဲဒါကို စာရေးဆရာ Hotrod က "ခြေသလုံးအိမ်တိုင်ဓါးသမား"၊ "ကျိုတို ဒဏ္ဍာရီ"၊ "ပါးပြင်ပေါ်က အမာရွတ်" နဲ့ "အတိတ်၏ အရိပ်" ဆိုတဲ့ စာစဥ်တွဲ ၄ တွဲအဖြစ် မြန်မာဘာသာပြန်ဆိုခဲ့ပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️Rurouni Kenshin (2012)
▪️Rurouni Kenshin: Kyoto Inferno (2014)
▪️Rurouni Kenshin: The Legend Ends (2014)
▪️Rurouni Kenshin: The Final (2021)
▪️Rurouni Kenshin: The Beginning (2021)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်