ဂျပန်စာရေးဆရာ "နိုဘူဟီရိုဝါဆုကီ" ရဲ့ "ယူယိုနိ ကင်ရှင်" စာစဥ်တွဲ၊ စာစဥ် ၁ ဖြစ်တဲ့ "Wandering Samurai" ကို စာရေးဆရာ Hotrod က "ခြေသလုံးအိမ်တိုင်ဓါးသမား" လို့ အမည်ပေး ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
"ဟိုက်တန်မစ်ဆူရာဂီ"(နဂါးဓါးသိုင်း) ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ "ချိုရှု" နယ်သား "ဟီမူရာ ကင်ရှင်" ဟာ အလွန်ထူးချွန်တဲ့ "ဟီတိုကိရိ ဘာတူဆိုင်း" (လူသတ် ဓါးသမား) တစ်ယောက်ဖြစ်ပြီး "အိရှင်ရှီအိရှိ"(တော်လှန်ရေးသမား) တွေကို "ရှင်ဆန်ဂူမီ" (ရှိုဂွန်းစစ်ဘုရင်တွေရဲ့သစ္စာခံ လက်မရွံ့တပ်ဖွဲ့) တွေရဲ့ရန်က ကာကွယ်ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ မြေကျွန်ကျေးကျွန်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့ကြတဲ့ "တိုကူဂါဝါ ရှိုဂွန်း" တွေ ပြုတ်ကျပြီး "ဆာမူရိုင်း" တွေ ဓါးကိုင်ခွင့်မရှိတောတဲ့ "မေဂျီခေတ်" ကို ကူးပြောင်းရောက်ရှိလာချိန်မှာတော့ ဆယ်စုနှစ်ကြာ ပျောက်ကွယ်နေခဲ့တဲ့ "ဟီမူရာ ကင်ရှင်" ဟာ ခြေသလုံးအိမ်တိုင်သမားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
အသွားပြောင်းပြန်တပ်ထားတဲ့ ကင်ဒိုဓါးတစ်လက်နဲ့ ခြေသလုံးအိမ်တိုင်ဖြစ်နေတဲ့ "ကင်ရှင်" ဟာ "ကာမီယာ ကာရှင်" သိုင်းသင်တန်းကျောင်းပိုင်ရှင်မလေး " ကာမီယာ ကာအိုရူ" ကို ဆုံတွေ့အကူအညီပေးရင်း "တိုကျိုမြို့" မှာ အခြေချခဲ့ပါတယ်။
အဲဒီနောက် ဂျစ်ကန်ကန် ဆာမူရိုင်း မျိုးနွယ်ဝင် လူငယ်လေး "ယာဟီကို"၊ ခွကျကျ ကြေးစားလူမိုက် "ဆဂါရာ ဆာနိုစကီ" တို့နဲ့ "ကင်ရှင်"၊ "ကာအိုရူ" တို့ အဖွဲ့ကျသွားခဲ့ပြီးနောက် "ကာမီယာ ကာရှင်" သိုင်းသင်တန်းကျောင်းဟာ သူတို့လူစု စတည်းချရာနေရာ ဖြစ်လာခဲ့ပါတယ်။
"မေဂျီအစိုးရ" ရုံးစိုက်ရာ "တိုကျိုမြို့" မှာ "ကင်ရှင်" တို့လူစု ပထမဆုံးရင်ဆိုင်ကြရတာက "ရှင်ဆန်ဂူမီ" အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ "ယူဒို ဂျင်အီ" ပါ။
"ဂျင်အီ" က သူတို့ရဲ့ "ရှိုဂွန်းခေတ်" ကုန်ဆုံးသွားပေမယ့်လည်း "မေဂျီတော်လှန်ရေး" မှာ ပါဝင်ခဲ့ပြီးနောက် လက်ရှိမှာ ရာထူးရာခံရရှိနေကြတဲ့ လူကုံထံတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတာကြောင့် "ခမောက်မည်းလူသတ်သမား" အဖြစ် ကျော်ကြားပါတယ်။
ဒုတိယ ရင်ဆိုင်ကြရတာက ဘိန်းလုပ်ငန်းနဲ့ စီးပွားဖြစ်နေတဲ့ "အီဒိုရဲတိုက်" ဖြစ်ပါတယ်။ "အိုနီဝါဘန်ရှူ" (နင်ဂျာအဖွဲ့) ရဲ့ ခေါင်းဆောင် "ရှင်နိုမိုရီ အာအိုရှီ" ဦးဆောင်တဲ့ ရဲတိုက်စောင့်တပ်ကို ကျော်ဖြတ်ပြီး "အီဒိုရဲတိုက်" အကြီးအကဲ "တာကီဒါ ကင်ရူ" ကိုအပြစ်ပေးနိုင်ဖို့ "ကင်ရှင်" တို့လူစုဟာ အသည်းအသန် ကြိုးစားခဲ့ကြရပါတယ်။
"မေဂျီခေတ်" မှာ မှေးမှိန်စပြုလာတဲ့ ဂျပန်ဓါးပညာကို ပြန်လည်ဖော်ထုတ်ရင်း သိုင်းသင်တန်းကျောင်းတွေအားလုံးကို လွှမ်းမိုးချုပ်ကိုင်လိုတဲ့ "ရှင်ကိုဓါးသိုင်းကျောင်း" က "အစ်ဆူရူဂီ ရိုက်ဂျူတ" ကလည်း "ကင်ရှင်" တို့လူစုနဲ့ တတိယမြောက် ထိပ်တိုက်ရင်ဆိုင်ရသူ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူတို့တွေဟာ "ကင်ရှင်" အဖို့ ကြီးမားလှတဲ့ ပြသနာမဟုတ်ပါဘူး။ လူသတ်သမားဘဝကို စွန့်လွှတ်ပြီး ဓါးပညာနဲ့ လူကယ်တင်တဲ့အလုပ်ကိုပဲ ဆက်လုပ်ချင်တဲ့ "ကင်ရှင်" အတွက် အကြီးမားဆုံးပြသနာကတော့ "မေဂျီခေတ်" ရောက်လာခဲ့တဲ့တိုင်အောင် အငြိုးကြီးမားစွာ ကြွင်းကျန်နေကြသေးတဲ့ "အိရှင်ရှီအိရှိ" တွေနဲ့ "ရှင်ဆန်ဂူမီ" တွေရဲ့ အားပြိုင်မှုတွေနဲ့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေရဲ့ အာဏာချိန်ခွင်လျှာ ပြသနာတွေပါပဲ။
ဒါကြောင့် သာမန်အရပ်သားတစ်ယောက်အဖြစ် ဘဝကိုပြောင်းလဲနေထိုင်နေတဲ့ "ကင်ရှင်" ဟာလည်း အဲဒီဖိအားတွေရဲ့အောက်မှာ ရုန်းကန်နေခဲ့ရပြီး "မေဂျီခေတ်" ကို ဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့ ဒုတိယမြောက် "ဟီတိုကိရိ ဘာတူဆိုင်း" ဖြစ်သူ "မာကိုတို ရှီရှီအို" က ပြည်ထဲရေးဝန်ကြီး "အိုကူဘို တိုရှီမီချီ" လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက်မှာတော့ ငြိမ်နေလို့မရတော့တဲ့ "ကင်ရှင်" တစ်ယောက် ... ။
📚 အတွဲ ၁