ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ရွှမ်မင်လက်ဝါးသိုင်း အကြောင်းပါ။
ရွှမ်မင်လက်ဝါးသိုင်း (Xuanming Divine Palm) ဆိုတာဟာ အအေးဓါတ်နဲ့ အဆိပ်ပေါင်းစပ်ထားတဲ့သိုင်းပညာဖြစ်ပြီး ကျင်းယုံရဲ့ "The Heaven Sword and Dragon Saber" ဝတ္ထုထဲမှာ တွေ့ရပါတယ်။
ရွှမ်မင်လက်ဝါးသိုင်းကို မှော်နက်ရေခဲလက်ဝါးသိုင်း၊ ဒါမှမဟုတ် ရေခဲလက်ဝါးသိုင်းလို့လည်း ခေါ်ပါတယ်။
ဒီသိုင်းပညာကို အသုံးပြုသူတွေကတော့ ရွှမ်မင်ဆရာနှစ်ပါး (Xuanming Elders) လို့ခေါ်တဲ့ လုကျန်ခဲ (Lu Zhangke) နဲ့ ဟော်ပိဝမ် (He Biweng) တို့ပါပဲ။
သူတို့ဟာ မွန်ဂိုစစ်သေနာပတိချုပ် ချန်းဟန်တိမုဟာ (Chaghan Temür) ရဲ့ လက်အောက်မှာ အမှုထမ်းနေကြသူတွေဖြစ်ပြီး မွန်ဂိုမင်းသမီး ကျောက်မိန် (Zhao Min) ရဲ့ ဆရာတွေလည်း ဖြစ်ပါတယ်။
ရွှမ်မင်လက်ဝါးသိုင်းရဲ့ ဇစ်မြစ်ကိုတော့ မသိရပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ပေရွှင်ရသေ့ အသုံးပြုခဲ့ပြီးနောက် သိုင်းလောကမှာ ကွယ်ပျောက်နေခဲ့တဲ့ ပညာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှမ်မင်လက်ဝါးသိုင်း ရိုက်ချက်ထိရင် လက်ဝါးနေရာက ပူလာပြီးကျန်တဲ့နေရာတွေကတော့ ရေခဲလို အေးစက်လာပါတယ်။
ဝေဒနာသက်သာစေဖို့ အတွင်းအားနဲ့ ခေတ္တ ထိန်းထားနိုင်ပေမယ့် အရှင်းပျောက်ကင်းဖို့က နေစကြာသိုင်းကျမ်း လို့ခေါ်တဲ့ ကျိုးယန်သိုင်းကျမ်းကပဲ တတ်နိုင်ပါတယ်။
အပူဓါတ် အတွင်းအားဖြစ်တဲ့ နေစကြာသိုင်းကို အပြည့်အဝ အသုံးပြုမှသာ ခန္ဓာကိုယ်ထဲက အအေးဓါတ်အဆိပ်ကို ဖယ်ရှား ရှင်းလင်းနိုင်ပါတယ်။
ရွှမ်မင်လက်ဝါးသိုင်းရဲ့ ချို့ယွင်းချက်တစ်ခုကတော့ မိမိထက် အတွင်းအားကောင်းတဲ့ သူနဲ့တွေ့ရင်တော့ ကိုယ့်အဆိပ်ဒဏ်ကို ကိုယ်ပြန်ခံရနိုင်တာပါပဲ။
ကျန်းဝူကျိ (Zhang Wuji) ဟာ ငယ်စဥ်က ရွှမ်မင်လက်ဝါးရိုက်ချက်ကြောင့် သေကောင်ပေါင်းလဲ ခံစားခဲ့ရဖူးပါတယ်။
အစောပိုင်း Version ဖော်ပြချက်အရ ရွှမ်မင်ဆရာနှစ်ပါးဖြစ်တဲ့ လုကျန်ခဲ နဲ့ ဟော်ပိဝမ် တို့ဟာ ကျန်းဝူကျိနဲ့ နောက်ဆုံးတိုက်ပွဲအပြီးမှာ သိုင်းပညာတွေ ဆုံးရှုံးသွားပါတယ်။
နောက်ပိုင်း Version မှာတော့ နဂါးနိုင်ဓါးနဲ့ တိမ်လွှာဓါးကြောင့် သေဆုံးသွားကြပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ရွှမ်မင်လက်ဝါးသိုင်း
#XuanmingDivinePalm
#wikiwuxiathinelawka