ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ဖားပြုပ်သိုင်း အကြောင်းပါ။
ဖားပြုပ်သိုင်း (Toad Stance/Toad Skill) ဟာ အဆိပ်ဘုရင် အိုးရန်ဖုန်း (Ouyang Feng) ရဲ့ ထင်ရှားတဲ့ သိုင်းပညာပါ။
အိုးရန်ဖုန်းဟာ Jin Yong ရဲ့ The Legend of the Condor Heroes နဲ့ The Return of the Condor Heroes ဝတ္ထုတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
တစ်ချိန်တုန်းက အိုးရန်ဖုန်းနဲ့ အိုးရန်လျဲ့ ညီအစ်ကိုဟာ ကုလားအုတ်ဖြူတောင် (ပိုင်ထော်တောင်) မှာ ပိတ်မိနေကြတုန်း အဆိပ်သခင် ကျန်းထိုက်ရွှီ (Jiang Taixu) ရဲ့ အဆိပ်ငါးမျိုးကျမ်း (Five Poison Scriptures) ကို ရခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရခဲ့တဲ့ အဆိပ်ငါးမျိုးကျမ်းဟာ အပြည့်အစုံတော့ မဟုတ်ပါဘူး။ စာရွက် ၁၂ ရွက် ရှိရမယ့်အစား၊ ၇ ရွက်ပဲ ရှိနေပြီး ၅ ရွက်က ပျောက်ဆုံးနေပါတယ်။
အိုးရန်ညီအစ်ကိုဟာ အဲဒီ စာရွက် ၇ ရွက်ထဲက သိုင်းပညာတွေကို လေ့ကျင့်တတ်မြောက်ခဲ့ကြပြီး ပိုင်ထော်တောင်မှာ အဆိပ်ဂိုဏ်းကို တည်ထောင်လိုက်ပါတယ်။
နောက်ပိုင်းမှာ အိုးရန်ဖုန်းဟာ အစ်ကိုဖြစ်သူကို လုပ်ကြံပြီး ဂိုဏ်းချုပ်နေရာ လုယူပါတယ်။ ပြီးတော့ ဖားပြုပ်သိုင်းကို ဆက်လက်တီထွင်ခဲ့ပါတယ်။
[ဒီအချက်အလက်တွေကတော့ ထျန်းရှတိယိ မှာ ဖော်ပြထားချက်တွေပါ]
ဖားပြုပ်သိုင်းပညာဟာ အတွင်းအားကို စုစည်းပြီး ဖောက်ခွဲ တိုက်ခိုက်ရတဲ့ သိုင်းပညာတစ်မျိုးပါ။ ရန်သူပတ်လည်ဝိုင်းနေတဲ့ အခါမျိုးမှာ လက်ပစ်ဗုံးတစ်လုံးခွဲလိုက်သလိုမျိုး ပြင်းထန်ထိရောက်ပါတယ်။
အထူးသဖြင့် အိုးရန်ဖုန်းက အဆိပ်ကိုပါ တွဲဖက်အသုံးပြုတဲ့အတွက် ဖားပြုပ်သိုင်းရဲ့ အစွမ်းက ပိုမိုထက်မြက်လာပါတယ်။
ဖားတစ်ကောင်ရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေကို အတုယူပြီး တီထွင်ထားတာကြောင့် ပြိုင်ဘက်ကို အပြင်းအထန် ထိုး၊ ကန်၊ ရိုက်ပုတ်နိုင်ပါသေးတယ်။
အဆိပ်ပညာနဲ့ ဖားပြုပ်သိုင်းတို့ရဲ့ အစွမ်းကြောင့် အိုးရန်ဖုန်းဟာ အရှေ့ပိုင်းဆေးဆရာ ဟွမ်ယောက်ရှီ (Huang Yaoshi)၊ တောင်ပိုင်းဧကရာဇ် သွမ့်ကျိချင်း (Duan Zhixing)၊ မြောက်ပိုင်းသူဖုန်းစား ဟုန်ချီကုန်း (Hong Qigong)၊ အလယ်ပိုင်းသူတော်စင် ဝမ်ချုံရန် (Wang Chongyang) တို့နဲ့အတူအနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုန်း (Ouyang Feng) အဖြစ် ထင်ရှားလာပါတယ်။
ဖားပြုပ်သိုင်းကို အသုံးပြုတဲ့အခါ အောက်ပါ အဆင့် ငါးဆင့် ရှိပါတယ်။
အဆင့် ၁။ အားယူ ငြိမ်သက်
(Lowering the stance while pressing hands on the ground)
ဖားတစ်ကောင်ရဲ့ ကိုယ်ဟန်အတိုင်း လက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်ကို မြေပြင်မှာ ထိကပ်ပြီး စိတ်ရော ကိုယ်ပါ တည်ငြိမ်မှုကို အစပျိုးရပါတယ်။
အဆင့် ၂။ လှည့်ပတ် စီးဆင်း
(Increasing Qi flow rapidly)
ခန္ဓာကိုယ်အနှံ့ အတွင်းအားကို စုစည်း လှည့်ပတ်ပြီး ရန်သူကို ခုန်ပျံတိုက်ခိုက်ဖို့အတွက် အသင့်ပြင်ဆင်ရပါတယ်။
အဆင့် ၃။ ပေါက်ကွဲ ခုန်ထွက်
(Exploding forward like a cannonball)
စုစည်းထားတဲ့ အတွင်းအားတွေကို ပေါက်ကွဲစေပြီး အမြောက်က ပစ်လွှတ်လိုက်တဲ့ အမြောက်ဆန် တစ်ခုလို လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ရန်သူကို တိုက်ခိုက်ရပါတယ်။
အဆင့် ၄။ တွယ်ကပ် ချုပ်နှောင်
(Sidestepping to destabilize the enemy)
ရန်သူရဲ့ စိတ်အာရုံကို ထွေပြား ရှုပ်ထွေးသွားစေပြီး ကိုယ်နေဟန်ချက်တွေပါ ကမောက်ကမ ပျက်ယွင်းသွားစေဖို့ ဦးတည် လှုပ်ရှားရပါတယ်။
အဆင့် ၅။ ပြင်းထန် ထိုးနှက်
(Delivering a devastating strike at once)
ရန်သူကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ဖို့ ရည်ရွယ်ပြီး အထိရောက်ဆုံး သိုင်းကွက်တွေနဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ရပါတယ်။
[နောက်ပိုင်းမှာတော့ ဝမ်ချုံရန်ဟာ ဖားပြုပ်သိုင်းကို နှိမ်နင်းနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ကောင်းကင်ဘုံအတွင်းအား (First Heaven Skill/Pre-Heaven Skill/Innate Heaven) နဲ့ သွမ့်ကျိချင်းရဲ့ ယိယန်လက်ညှိုးသိုင်း (Yi Yang Finger/Singular Solar Finger) ကို ပေါင်းစပ်အသုံးပြုတာပါပဲ]
ဖားပြုပ်သိုင်းပညာကို တတ်မြောက်ကြသူတွေက အိုးရန်ဖုန်း (Ouyang Feng)၊ အိုးရန်လျဲ့(Ouyang Lie)၊ အိုးရန်ခက် (Ouyang Ke) နဲ့ ရန်ကော် (Yang Guo) တို့ပဲ ဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဖားပြုပ်သိုင်း