ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ပေမိန်နတ်သိုင်း (Divine Skill of the Northern Darkness) အကြောင်းပါ။
ပေမိန်နတ်သိုင်းဟာ Jin Yong ရဲ့ Demi-Gods and Semi-Devils ဝတ္ထုထဲက ရှောင်းယောင်ဂိုဏ်း (Xiaoyao Sect) ရဲ့ အတွင်းအားပညာရပ် ဖြစ်ပါတယ်။
တနည်းအားဖြင့် ထူးခြားတဲ့ အတွင်းအားစုပ်သိုင်းပညာရပ်ပါပဲ။
[လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ မှာတော့ "မြောက်အရပ်က အတွင်းအားပညာ" လို့ ဆရာ မိုးကျော်သူက ဘာသာပြန်ပါတယ်]
ဒီပညာကို တီထွင်ခဲ့သူက ရှောင်းယောင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့သူ ရှောင်ယောင်းကျိ (Xiaoyao Zi) ဖြစ်ပါတယ်။
ရှောင်ယောင်းကျိဟာ Jin Yong Universe မှာ တုကူးချိုးပိုက်နဲ့ ကျမ်းစာထိန်းဆရာတော် (တချို့ကလည်း တာမောဆရာတော်လို့ ပြောပါတယ်) ပြီးရင် တတိယမြောက် သိုင်းပညာအမြင့်ဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံရသူပါ။
ပေမိန်နတ်သိုင်းဟာ ရန်သူရဲ့အတွင်းအားကို မိမိအတွင်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်တဲ့ အတွင်းအားပညာရပ်တစ်မျိုး ဖြစ်တာကြောင့် အထက်လမ်းသိုင်းပညာလို့ သတ်မှတ်လို့တော့ မရပါဘူး။
သူတပါးရဲ့ အတွင်းအားကို စုပ်ယူနိုင်ရုံသာမက မိမိရဲ့ ထိန်းချုပ်မှုအောက်မှာ တိတိကျကျ လည်ပတ်စီးဆင်း အသုံးချနိုင်ပါတယ်။
ပင်လယ်ကြီးဟာ ရေကို ကိုယ်တိုင်မဖန်တီးဘဲ မြစ်ချောင်းတွေက စုစည်းရယူသလို ပေမိန်နတ်သိုင်း အသုံးပြုသူဟာလည်း အတွင်းအားကို ကိုယ်တိုင်မဖန်တီးဘဲ ရန်သူ့ဆီက ရယူရမယ်ဆိုတဲ့ ခံယူချက်ပါပဲ။
ဒါကြောင့်လည်း ကျင့်စဥ်လမ်းညွှန်ချက်မှာ "အတွင်းအားက ပထမ၊ လှုပ်ရှားမှုက ဒုတိယ" လို့ ပြတ်ပြတ်သားသား လမ်းစဥ် ချမှတ်ထားတာပါ။
ဆိုလိုတာက ပေမိန်နတ်သိုင်းကို စတင်လေ့ကျင့်မယ်ဆိုတာနဲ့ လိုက်နာရမယ့် ပထမဆုံး နိယာမက အတွင်းအားကို ရနိုင်သမျှ စုဆောင်းဖို့ဖြစ်ပါတယ်။
"အတွင်းအား ပြည့်ဝလာတာနဲ့အမျှ မိုးအောက်မြေပြင်မှာ ရှိသမျှသိုင်းပညာတွေ အားလုံးဟာ ကိုယ့်အတွက်ပဲလို့ မှတ်ပေတော့" လို့ လမ်းညွှန်ထားပါတယ်။
ရှောင်းယောင်ဂိုဏ်းရဲ့ သစ္စာဖောက်တပည့်တစ်ဦးဖြစ်တဲ့ "သင်းချွန်းချိုး" ဟာ ပေမိန်နတ်သိုင်းကို တုပပြီး ဟွကုန်းသာ့ဖာ (Great Energy Dissolving Skill) လို့ ခေါ်တဲ့ အတွင်းအား ချေဖျက်သိုင်းတစ်မျိုးကို ကိုယ်တိုင် တီထွင်အသုံးပြုခဲ့ပါတယ်။
ပေမိန်နတ်သိုင်းကို တတ်မြောက်ကြသူတွေကတော့ စတင်တီထွင်သူ ရှောင်ယောင်းကျိ (Xiaoyao Zi)၊ ဂိုဏ်းချုပ်ကြီး ဝူယာကျိ (Wuya Zi)၊ ထျန်းစန်းတုန်းလောင် နတ်ဘွားဘွား (Tianshan Tonglao)၊ စီးရှမိဖုရား လီချိုးရွှေ (Li Qiushui)၊ တာ့လီမင်းသားလေး သွမ်ယိ (Duan Yu) နဲ့ ရှောင်လင်ကိုရင်လေး ရွှီကျူး (Xu Zhu) တို့ပါပဲ။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ပေမိန်နတ်သိုင်း
#DivineSkilloftheNorthernDarkness
#XiaoyaoSect
#wikiwuxiathinelawka