ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ဆန်းကြယ် ခြေလှမ်းသိုင်း အကြောင်းပါ။
ဆန်းကြယ် ခြေလှမ်းသိုင်း (Minute Steps Upon Towering Waves/Lingbo Footwork) ဆိုတာ Jin Yong ရဲ့ Demi-Gods and Semi-Devils ဝတ္ထုထဲမှာ သွမ်ယိ (Duan Yu) အသုံးပြုခဲ့တဲ့ ကိုယ်ဖော့ပညာပေါ့။
တရုတ်ဘာသာနဲ့ "လင်းပေါ်ဝေဘူ" (Língbō wēibù) လို့ ခေါ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုက ရိုက်ခတ်လှုပ်ရှားနေတဲ့ ရေလှိုင်းလုံးတွေအပေါ်မှာ ပြေးလွှားလျှောက်သွားနေတဲ့ပုံနဲ့ တူပါတယ်။
[ဆရာ မိုးကျော်သူကတော့ "လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ" စာအုပ်မှာ "ရေလှိုင်းမာန်နှင့် ခြေသိုင်းဟန်" လို့ ဘာသာပြန်ပါတယ်။]
ဆန်းကြယ်ခြေလှမ်းသိုင်းဟာ ရှောင်းယောင်ဂိုဏ်း (Xiaoyao Sect) ရဲ့ ပညာရပ်ပါ။ သွမ်ယိဟာ အဲဒီကိုယ်ဖော့ပညာကို မမနတ်သမီးရုပ်တု (ပန်းပုသူဇာ) ရှိရာ လိုဏ်ဂူထဲက မမျှော်လင့်ဘဲ ရရှိခဲ့ပါတယ်။
[ရပုံရနည်းကတော့ စာအုပ်နဲ့ ရုပ်ရှင် အနည်းငယ် ကွဲပြားပါတယ်။ ရုပ်ရှင်တွေထဲမှာတော့ သွမ်ယိက မမနတ်သမီးရုပ်တုကို အကြိမ် ၁၀၀၀ ကန်တော့ပြီးနောက် ပေါက်ပြဲသွားတဲ့ အခင်းစထဲက ရပါတယ်။ ဘာသာပြန်စာအုပ်မှာတော့ ဂူထဲက ကြေးမုံပြင်တွေဆီက ရပါတယ်]
ဆန်းကြယ်ခြေလှမ်းသိုင်းမှာ စုစုပေါင်း ၆၄ ကွက် ရှိပါတယ်။ အားလုံးဟာ ခုခံကာကွယ် ရှောင်တိမ်းဖို့ သက်သက်ပါပဲ။ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို အလွန်လွတ်လပ်တဲ့ အထိန်းအကွပ်မဲ့ ပုံသဏ္ဍာန်နဲ့ လျှင်မြန်စွာ ရှောင်ရှားရပါတယ်။
အလွန် လွတ်လပ်တယ်ဆိုတာက ရန်သူရဲ့ တိုက်ခိုက်မှုကို ဘယ်လိုရှောင်တိမ်းလိုက်မယ်ဆိုပြီး လိုက်စဉ်းစားနေစရာ မလိုလို့ပါပဲ။ ဆန်းကြယ် ခြေလှမ်းသိုင်းကွက်တွေအတိုင်း ခန္ဓာကိုယ်ကို စောင်း၍ တဖုံ၊ ခုန်၍ တစ်မျိုး၊ အမျိုးမျိုးသော ခြေလှမ်းတွေနဲ့ ပုံမှန်ပြေးလွှားနေရုံပါပဲ။
အထိန်းအကွပ်မဲ့တယ်ဆိုပေမယ့် ဗရမ်းဗတာ တိမ်းရှောင်တာမျိုးတော့ မဟုတ်ပါဘူး။ ဆန်းကြယ် ခြေလှမ်းသိုင်းကွက်တွေကို ပထမဆုံး ခြေလှမ်းကနေ နောက်ဆုံးခြေလှမ်းအထိ စက်ဝိုင်းတစ်ပတ် ဖန်တီးထားတာပါ။
ခြေလှမ်းတွေက ပုံမှန်အတိုင်း တစ်လှမ်းနဲ့ တစ်လှမ်း အချိတ် အဆက်သာ မိနေပါစေ၊ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မှုစရာ မလိုပါဘူး။ ဒါပေမဲ့ ရန်သူက ဒီလိုတိုက်ခိုက်လာရင် ငါက ဒီလိုရှောင်တိမ်းလိုက်မယ်လို့ တွေးလိုက်မိပြီဆိုတာနဲ့ မကြာခင်မှာ ဖမ်းမိသွားမှာ ဖြစ်ပါသတဲ့။
ဆန်းကြယ်ခြေလှမ်းသိုင်းပညာရဲ့ အဓိက အားနည်းချက်ကတော့ ရန်သူက အသက်ကို ပဓာနမထားဘဲ သူသေကိုယ်သေ တိုက်ခိုက်လာမယ်ဆိုရင်တော့ မကာကွယ်နိုင်တာပါပဲ။
[ဆိုလိုတာကတော့ ဗရမ်းဗတာ သူသေကိုယ်သေ ဝင်တိုက်တဲ့ အကွက်ပျောက်သမားတွေကို ဒီသိုင်းပညာနဲ့ မခုခံနိုင်ပါဘူး]
သာမန်အားဖြင့် ဆန်းကြယ်ခြေလှမ်း သိုင်းကွက်တွေ အသုံးပြုပြီး ပြေးလွှားရှောင်တိမ်းနေတဲ့သူကို အမိဖမ်းဖို့က နည်းလမ်းတစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ အတွင်းအားမှာ သူ့ထက်ပိုမြင့်အောင် ကြိုးစားပြီး ဆန်းကြယ်ခြေလှမ်းသိုင်းပညာမှာ သူ့ထက်ပိုသာအောင် လုပ်ဖို့ပါပဲ။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းမိတာမျိုးပဲ ဖြစ်မှာပါတဲ့။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဆန်းကြယ်ခြေလှမ်းသိုင်း
#LingboFootwork
#MinuteStepsUponToweringWaves
#wikiwuxiathinelawka