မိဘမဲ့ ကလေးအမြွှာ ၂ ယောက်ဖြစ်တဲ့ "ကောင်ကြီး" နဲ့ "ကောင်လေး" တို့ဟာ "ပင်လယ်ကဏန်း" စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် နှိပ်စက်ခံနေခဲ့ကြရာကနေ "ရေဘဝဲ" သင်္ဘောပေါ်ရောင်းစားခံခဲ့ရပြီး ပိုဆိုးတဲ့ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
ဒါပေမဲ့ မုန်တိုင်းကြောင့် သင်္ဘောမှောက်သွားတဲ့အခါ ရေမျောကမ်းတင်တွေအဖြစ် "ဘဝသစ်ကျွန်း" ပေါ် ရောက်သွားကာ သုညသိုင်းသမား "တန်စုကန်" ရဲ့ တပည့်တွေ ဖြစ်သွားခဲ့ကြပါတယ်။
"ကောင်ကြီး" နဲ့ "ကောင်လေး" တို့ဟာ ကျွန်းပေါ်မှာ "တန်စုကန်" အနှစ် ၂၀ စောင့်ဆိုင်းနေတဲ့ "ရွှေရောင်သစ်သီး" ကို အချိန်မတန်ခင် ခူးစားခဲ့တာကြောင့် အတွင်းအားတိုးလာပြီး မြင်ရုံနဲ့ သိုင်းပညာ အလိုလိုတတ်တဲ့ စွမ်းအားတွေရခဲ့ပေမယ့် ဆိုးကျိုးအဖြစ်လည်း အနာတွေပေါက်ပြီး ရုပ်ဆင်းပျက်သွားခဲ့ကြပါတယ်။
အနာကြီးရောဂါသည် ဖြစ်နေတဲ့ သူတို့ညီအကိုကို "တန်စုကန်" က ပင်လယ်ထဲပြန်မျှောခဲ့တဲ့အတွက် ကံကောင်းထောက်မစွာ ပြည်မကို ပြန်ရောက်သွားခဲ့ပြီး "ကောင်ကြီး" က အကမယ် "အိုရှင်း" ရဲ့ ကိုယ်ရံတော်အဖြစ် အလုပ်ရခဲ့သလို "ကောင်လေး" က "မြွေဆိုးတစ်ထောင်ဂိုဏ်း" သားအဖြစ် အလုပ်ရခဲ့ပါတယ်။
ပြည်မပြန်ရောက်ပြီးနောက် သူတို့ညီအကိုဟာ အလိုလို အနာတွေပျောက်ပြီး မူလရုပ်သွင် ပြန်ရခဲ့ပေမယ့် "ရွှေရောင်သစ်သီး" ကို နည်းစနစ်အမှန် မစားခဲ့တာကြောင့် သိုင်းပညာနဲ့ အတွင်းအားကတော့ မူမမှန်ဘဲ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေခဲ့ပါတယ်။
သူလျှိုအဖြစ် သံသယဝင်နေတဲ့ မြွေဆိုးတစ်ထောင်ဂိုဏ်းချုပ် "ဟန်ကွမ်း" က "ကောင်ကြီး" ကို "ကောင်လေး" ထင်မှတ်ကာ အဆိပ်နဲ့လုပ်ကြံသတ်ဖြတ်ခဲ့သလို သူတိုစားခဲ့ကြတဲ့ "ရွှေရောင်သစ်သီး" အကြောင်းကိုပါ သိရှိသွားပြီး "ကောင်လေး" ရဲ့ လည်ချောင်းသွေးကိုရဖို့ အပြင်းအထန် ကြိုးစားလာခဲ့ပါတယ်။
ဒါကြောင့် "အိုရှင်း" ရဲ့ဖခင် စာပေပညာရှင် "ကျန်းလွေ" က "ကောင်လေး" ကို ကယ်တင်ခဲ့ပြီး သိုင်းပညာသင်ပေးခဲ့တဲ့အတွက် ဖြတ်လမ်းနည်းမသုံးဘဲ နည်းစနစ်မှန်မှန် သင်ကြားခွင့်ရလာတဲ့ "ကောင်လေး" ဟာ ... ။
📚 ၂ အုပ်တွဲ