"ဓါးနှစ်လက် အာမခံဌာန" ခေါင်းဆောင် "တုကျူး" ဟာ ဌာနရဲ့ တနှစ်တာဝင်ငွေထက်များပြားတဲ့ အခကြေးငွေနဲ့ "သူဌေးကြီးချူယီဖုံး" ပိုင်ဆိုင်တဲ့ "သိုင်းလောကရဲ့ ရတနာ ၃ မျိုး" ကို တာဝန်ယူ သယ်ဆောင်လာခဲ့ပါတယ်။
ခရီးဆုံးရာ "တင်းပေါက်မြို့" ကို ရောက်ရှိခဲ့ပြီးနောက် ခရီးစဥ်ဟာ ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီလို့ "တုကျူး" ထင်မှတ်ထားခဲ့ပေမယ့် "သူဌေးကြီးချူယီဖုံး" ဆီ ပေးအပ်ချိန်မှာ သူသယ်ဆောင်လာခဲ့တဲ့ ရတနာပစ္စည်းတွေဟာ အတုနဲ့ လဲလှယ်ခံထားရတာကို သိရှိလိုက်ရတဲ့နောက်မှာတော့ ... ။
("နန္ဒကျော်သူ" ရဲ့ "ဉာဏ်နီဉာဏ်နက်"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "ဒေါင်းစိမ်းခြေရာ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်း ဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။ "ဉာဏ်နီဉာဏ်နက်" ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဒေါင်းစိမ်းခြေရာ" ကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၂ အုပ်တွဲ