"ကဝေရဲတိုက်" ကို ထူထောင်သူ မှော်ဘုရင် "စွမ်းဖုံး" ဟာ ဘယ်လက်ရုံး "ရန်ကြူး" ရဲ့ မြှောက်ပင့်သွေးဆောင်မှုကြောင့် သိုင်းလောကကြီးကို သိမ်းပိုက်စိုးမိုးဖို ကြံရွယ်လာတဲ့အတွက် အောက်လမ်းမှော် ပညာရှင်တစ်ဦး ဖြစ်ပေမယ့် အများအကျိုး ဆောင်ရွက်လိုသူ ညာလက်ရုံး "ယန်ဟုတ်" က တားဆီးဖိုကြိုးစားတဲ့အခါ မှော်ဘုရင် "စွမ်းဖုံး" ရဲ့ "လက်ရုံး ၆ ယောက်" ရှိတဲ့အနက် "ဟူထင်း" နဲ့ "ဟန်ကုံး" က "ယန်ဟုတ်" ဘက်က ရပ်တည်ခဲ့ကြသလို "ပုပြောင်း" နဲ့ "ထိုက်လုံ" တိုကလည်း "ရန်ကြူး" ဘက်က ရပ်တည်ခဲ့ကြပါတယ်။
မှော်စွမ်းအားကို တားဆီးပစ်နိုင်တဲ့ "ငရဲတံတားသော့ဓါး" ရဲ့အစွမ်းနဲ့ "ယန်ဟုတ်" တိုက မှော်ဘုရင် "စွမ်းဖုံး" ကို လုပ်ကြံနိုင်ခဲ့သလို "ရှောင်လင်"၊ "ဝူတန်"၊ "ခုံတုံ" စတဲ့ သိုင်းလောကသားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် "ကဝေရဲတိုက်" ပျက်စီးသွားခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာတော့ "ရန်ကြူး" တို လူစုဟာ မှော်ဘုရင် "စွမ်းဖုံး" ရဲ့ အလောင်းကို တူးဖော်ပြီး ပြန်လည်အသက်သွင်းဖို ကြိုးစားလာခဲ့ကြပြန်တဲ့အတွက် သိုင်းလောကဟာ ပျက်စီးမယ့်ဘေးနဲ့ တကျော့ပြန် ရင်ဆိုင်လာရပါတယ်။
"လက်ရုံး ၆ ယောက်" ရဲ့ မျိုးဆက်တွေဟာလည်း မတူညီတဲ့ ရပ်တည်ချက်တွေနဲ့ သူတို ဖခင်တွေရဲ့ တာဝန်တွေကို ဆက်လက်ပူးပေါင်း ထမ်းဆောင်ခဲ့ကြပြီး "ရန်ကြူး" နဲ့ သားဖြစ်သူ "ရန်ကျားစိန်" တိုက "ကဝေရဲတိုက်" ကို ပြန်အသက်သွင်းဖို ကြိုးစားလာသလို "ယန်ဟုတ်" ရဲ့သား "ယန်ကျင်း" ကလည်း "အိပ်မက်တောင်တန်း" မှာ ဇာတ်မြှုပ်နေတဲ့ "ဟန်ကုံး"၊ မိန်းကလေး "မဲ့မဲ့" တိုရဲ့ အကူအညီနဲ့ "ကဝေရဲတိုက်" ကို တားဆီးဖို ကြိုးစားရင်း ... ။
("ဝဏ္ဏအောင်" ရဲ့ "ကဝေရဲတိုက်" ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ ဝူရှ (Wuxia) စစ်စစ် မဟုတ်ဘဲ ရှန်းရှ (Xianxia) နဲ့ ရွှမ့်ဟွမ် (Xuanhuan) အငွေ့အသက်တွေ ရောထွေးပါဝင်နေတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ