ချစ်သူ "အန်ကွမ်ယီ" က သစ္စာဖောက်ပြီး ယူဆောင်သွားတဲ့ "မိုးကြိုးဓါးသိုင်းကျမ်း" ကို လိုက်ရှာရင်း ပြည်မကို ရောက်လာတဲ့ အရှေ့ကျွန်းသား မိုးကြိုးဓါး "ယန်ချီလျှံ" ဟာ "ဟန်ကောက်" မြိုစားကြီး "ချင်ပိုဟန်" ဦးစီးကျင်းပတဲ့ သိုင်းပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့အတွက် ဒုတိယ ရခဲ့တဲ့ တောင်ကျွန်းနဂါး "စောင်ဝူး" နဲ့အတူ "သိုင်းလေ့ကျင့်ရေးမှူး" အဖြစ် မြိုစားစံအိမ်မှာ တာဝန်ထမ်းခဲ့ကြပါတယ်။
အဲဒီလို "ယန်ချီလျှံ" နေရာရလာတာကို မနာလိုဖြစ်လာတဲ့ မြိုစားကြီး ရဲ့ သက်တော်စောင့် တဖက်လပ် "ဝမ်ရှောင်လူ" က စိတ်ထားယုတ်ညံ့သူ တောင်ကျွန်းနဂါး "စောင်ဝူး" နဲ့ ပူးပေါင်းပြီး မြိုစားကတော် "ဆူဝန်" နဲ့ "ယန်ချီလျှံ" တို ချစ်ကြိုက်နေကြောင်း လိမ်လည်ကုန်းချောခဲ့ကြတဲ့အတွက် "ယန်ချီလျှံ" တစ်ယောက် တိုက်ခိုက်ခံရကာ ဒဏ်ရာတွေနဲ့ထွက်ပြေးခဲ့ရပါတယ်။
သိုင်းစွမ်းထက်မြက်ပြီး ချောမောတဲ့ "ယန်ချီလျှံ" ကို ဓါးပြဂိုဏ်းတစ်ခုဖြစ်တဲ့ "ရွှေလိပ်ပြာဂိုဏ်းချုပ်" ရွှေလိပ်ပြာဒေဝီ "ကောက်ပန်း" က မြင်မြင်ချင်း ချစ်ကြိုက် ကယ်တင်ခဲ့ပေမယ့် အတိတ်မေ့စေတဲ့ ဆေးဝါးတွေ တိုက်ကျွေးခဲ့တာကြောင့် "ယန်ချီလျှံ" လည်း "တန်ချိချောင်" အမည်ရှိ လူတစ်ယောက်အဖြစ် ဒုစရိုက်ဂိုဏ်းထဲ ရောက်သွားခဲ့ပါတယ်။
တဖက်မှာလည်း တောင်ကျွန်းနဂါး "စောင်ဝူး" က "ဟန်ကောက်" မြိုစားကြီး "ချင်ပိုဟန်" ကို အကောက်ကြံ ဖယ်ရှားပြီး မြိုစားနေရာ ယူခဲ့တဲ့အတွက် မြိုစားကြီး "ချင်ပိုဟန်" နဲ့ မြိုစားကတော် "ဆူဝန်" တိုလည်း တကွဲတပြားစီ ထွက်ပြေးရင်း "ချင်ပိုဟန်" က "အရှေ့ ကျွန်း" ကို ရောက်ရှိသွားကာ "ယန်ချီလျှံ" ရဲ့ ညီမ "ယန်ဂိုလင်" နဲ့ ချစ်ကြိုးသွယ် လက်ထပ်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးလာတဲ့ မြိုစားကတော် "ဆူဝန်" ကို တံငါသည်လင်မယား က ကယ်တင်ခဲ့ကြပြီး မကြာမီမှာ သားလေး "ဟိုစေးချန်" ကို မွေးဖွားခဲ့သလို "ချင်ပိုဟန်" နဲ့ "ယန်ဂိုလင်" တိုက သားလေး "ယန်ချင်ပို"၊ "တန်ချိချောင်" (တဖြစ်လဲ) "ယန်ချီလျှံ" နဲ့ "ကောက်ပန်း" တိုက သမီးလေး "ဖူယုတင်"၊ တောင်ကျွန်းနဂါး "စောင်ဝူး" က သမီးလေး "စောင်နုရီ" တိုကို မွေးဖွားခဲ့ကြပါတယ်။
နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်ပြီးတဲ့နောက် အရှေ့ကျွန်းသား လူငယ်လေး "ယန်ချင်ပို" ဟာ ဖခင်အတွက် လက်စားချေဖိုနဲ့ ဦးရီးတော် "ယန်ချီလျှံ" ကို ရှာဖွေဖို ပြည်မကို ရောက်ရှိလာခဲ့ပြီး "ဟန်ကောက်" မြိုစား "စောင်ဝူး" ထံမှာ အမှုထမ်းဝင်လုပ်ရင်း "စောင်နုရီ" နဲ့ ရေစက်ဆုံတွေ့ခဲ့သလို လူငယ်လေး "ဟိုစေးချန်" ကလည်း သိုင်းလောကထဲ ဆင်းလာရင်း အဖြူရောင်ဂိုဏ်းအဖြစ် ပြောင်းလဲရပ်တည်နေတဲ့ "ရွှေလိပ်ပြာဂိုဏ်း" က "ဖူယုတင်" တို သားအဖနဲ့ ဆုံတွေ့ခဲ့ကြပါတယ်။
ဒီလိုနဲ့ အခွင့်အရေးရတဲ့တစ်ရက်မှာ "ယန်ချန်ပို" ဟာ "စောင်ဝူး" ကို လုပ်ကြံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ "စောင်နုရီ" ရဲ့ ကယ်တင်ပေးမှုကြောင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သလို "ယန်ချီလျှံ" ဟာလည်း "ရေခဲတောင်ဖွားဖွားကျင်" ရဲ့ ကုသပေးမှုကြောင့် အတိတ်မှတ်ဥာဏ် ပြန်ရလာခဲ့ပြီးနောက် မြိုစား "စောင်ဝူး" ရဲ့ "မိစ္ဆာရဲတိုက်ကြီး" ကို စုပေါင်း ရင်ဆိုင်ကြတဲ့အခါ ... ။
📚 ၃ အုပ်တွဲ