ကလေးငယ်လေး "လျှူလုံး" ဟာ နဂါးပျံဂိုဏ်းသား "ဝမ်ယင်" က ဖခင် "လျှူစိုဖုန်း" ကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မ သိမ်းယူသွားတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်သွားခဲ့ပြီး ကောင်းဂေဟာရှင် "ကောင်းရှူး"၊ ရသေ့မကြီး "ကုအု"၊ စာပေသမား "ကောင်းရိ" တိုရဲ့ ပြုစုစောင့်ရှောက် ပညာသင်ပေးမှုနဲ့ လူလားမြောက်ခဲ့ရပါတယ်။
အဲဒီနောက် နတ်တောင်ဝှေးရှင်သိုင်းသမား "လွီယင်" က "လျှူလုံး" ကို အဆင့်မြင့်သိုင်းပညာသင်ကြားပေးခဲ့ပြီး အရွယ်ရောက်လာတဲ့အခါ ဖခင်သတ်သူကို လက်စားချေဖို့နဲ့ ကွဲကွာသွားတဲ့ မိခင်ကို ရှာဖွေဖို့ သိုင်းလောကထဲဆင်းလာတဲ့အခါ သူ့ကို ငယ်စဥ်က မွေးမြူစောင့်ရှောက်ပေးခဲ့တဲ့ ကောင်းဂေဟာရှင် "ကောင်းရှူး" ရဲ့သမီး "ကောင်းရိထွား" နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
ဒီလိုနဲ့ "လျှူလုံး" နဲ့ "ကောင်းရိထွား" တို့ဟာ သိုင်းလောကထဲ မကောင်းသူပယ်၊ ကောင်းသူကယ် ကျင်လည်ရင်း ရန်သူတော်ဖြစ်တဲ့ "နဂါးပျံဂိုဏ်း" နဲ့ ရင်ဆိုင်မိချိန်မှာ ယမ်းထုပ် ထိမှန်ခဲ့တာကြောင့် "လျှူလုံး" တစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် "နဂါးပျံဂိုဏ်း" လက်ထောက်ဂိုဏ်းချုပ် "ဝမ်ယင်" သိမ်းပိုက်ခံထားရတဲ့ သူ့ရဲ့မိခင်က ကယ်တင်ပေးခဲ့ပြီး သားအမိနှစ်ဦး ပြန်ဆုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ငယ်စဥ်ကတည်းက "လျှူလုံး" အပေါ် သံယောဇဉ် ရှိနေခဲ့တဲ့ "ကောင်းရိထွား"၊ လျှူလုံး ရဲ့ ပင်ကိုယ်ရုပ်သွင်ကို မမြင်ဖူးပါဘဲ တစ်ဖက်သတ် ချစ်နေတဲ့ "ဟိုလီ"၊ ချစ်ခြင်းမေတ္တာနဲ့ အနိုင်ယူလိုစိတ်ကြားမှာ လွန်ဆွဲနေခဲ့တဲ့ နဂါးစိမ်းဂိုဏ်းချုပ်ကြီး "ကျင်းစုံချိုင်" ရဲ့ သမီး "ကျင်းရိ" တို့နဲ့ လူငယ်လေး "လျှူလုံး" တို့ရဲ့ ဇာတ်လမ်းဟာ ... ။
📚 ၂ အုပ်တွဲ