"စေချွမ်း" နယ်က အဆိပ်လက်နက်ပုန်း ပညာရှင် "ထန်ထန်းလုံ"၊ "လိန်လန်း" နယ်က မေ့ဆေးပညာရှင် "အန်အိလောက်"၊ "ရှောင်လင်ကျောင်း" က သမားတော်ကြီး "ဆေးတောင်ဆရာကြီး" တို ရုတ်တရက် ပျောက်ဆုံးသွားကြပြီး သဲလွန်စအဖြစ် "ပုလဲအမိန့်" စာတန်းပါ ပုလဲတစ်လုံးစီသာ ကျန်ရစ်ခဲ့တဲ့အတွက် သိုင်းလောကမှာ အဖြေရှာမရတဲ့ ပဟေဠိတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။
မိခင်ပျောက်ဆုံးနေတဲ့ လူငယ်လေး "စိုကျိဟောင်" ဟာ သိုင်းလောကမှာ နာမည်ကျော်နေတဲ့ "ပုလဲအမိန့်" ပုလဲလုံးနဲ့ သူတို့ရဲ့ ဘိုးဘွားပိုင် အဆိပ်ဖြေ ပုလဲတစ်လုံးကို တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ရာမှာ အတူတူဖြစ်နေတာ တွေ့ခဲ့ရပြီး "ပုလဲအမိန့်" ရဲ့ လျှို့ဝှက်ချက်ကို သိရှိဖို့ "ရွှေပြားအိုး" ဂေဟာရှင် "ကျင်းခိုင်ထိုက်" ရဲ့အကူအညီနဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် "စိုကျွီဟောင်" ဟာ လျှို့ဝှက်စာတစ်စောင်ကို လူမှားပေးခံခဲ့ရတဲ့အတွက် "ပုလဲအမိန့်" ပုလဲလုံးကို လျှို့ဝှက်သယ်ဆောင်လာတဲ့ "မျက်လုံးတစ်ဖက်လပ် အဖိုးအို" နဲ့ ဆုံတွေ့ခဲ့ရပြီး လျှို့ဝှက်အဖွဲတစ်ခုရဲ့ သဲလွန်စကို ရရှိလာခဲ့ပြီးနောက် ... ။
("မောင်နှင်းဆွေ" ရဲ့ "ပုလဲရတနာဝင်္ကပါ"၊ လုံးချင်း သိုင်းစာစဥ်ဟာ "စိုးမောင်မောင်" ရဲ့ "ပုလဲအမိန့်ရှာပုံတော်"၊ ၄ အုပ်တွဲသိုင်းစာစဥ်နဲ့ အတူတူပဲဖြစ်ပြီး "ပုလဲရတနာဝင်္ကပါ" က ဇာတ်အိမ်ချုံထားတာ ဖြစ်ပါတယ်။ [ဒါပေမဲ့ "မောင်နှင်းဆွေ" ရဲ့ ဇာတ်အိမ်ချုံထားပုံဟာ အတော်ဆိုးရွားပါတယ်။]
"ပုလဲအမိန့်ရှာပုံတော်" ကို ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ပုလဲရတနာဝင်္ကပါ" ကတော့ ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 လုံးချင်း