ကြာပန်းတောင်ကုန်း မယ်တော်ကြီး ဟာ ကြာပန်းတောင်ကုန်းရဲ့ "ပညတ်တော် ၁၀ ပါး လျှိဝှက်သိုင်းကျင့်စဥ်" မတိမ်ကောစေဖိုအတွက် သမီး "ကျဲစု" နဲ့ တပည့် သီလရှင် ၉ ပါးကို သိုင်းလောကထဲဆင်းပြီး လသားအရွယ် မိန်းကလေးငယ် တစ်ဦးစီရှာဖွေ မွေးစားခိုင်းခဲ့ပေမယ့် "ကျဲစု" ကတော့ သမီးမိန်းကလေး မွေးစားရမယ့်အစား နာမည်ပျက်နေတဲ့ "ရွှေရောင်ခရေပွင့်ဂိုဏ်း" က "ကျမ်ရွှေရှန်း" နဲ့ အိမ်ထောင်ကျပြီး သားကလေး "ကျမ်အင်းကန်း" ကို မွေးဖွားခဲ့ပါတယ်။
ဒါကြောင့် စိတ်ဆိုးသွားတဲ့ မယ်တော်ကြီးဟာ "ကျဲစု" ကို အနှစ် ၂၀ အကျဥ်းချရုံသာမက "ကျမ်အင်းကန်း" ကိုလည်း မြေးအဖြစ် အသိအမှတ်မပြုတဲ့အပြင် "အပြစ်သား" လို အဓိပ္ပါယ်ရတဲ့ "ကျွေ့အော်" လို နာမည်ပေးပြီး သိုင်းပညာလည်း မသင်ပေးဘဲ မိန်းကလေး ၉ ဦးကိုတော့ "လျှိဝှက်သိုင်းကျင့်စဥ်" တစ်မျိုးစီ သင်ကြားပေးခဲ့ပါတယ်။
ဒါပေမဲ့ အမိ အဖ ဘယ်သူမှန်းမသိဘဲ ဆင်းဆင်းရဲရဲ ကြီးပြင်းလာခဲ့တဲ့ "ကျမ်အင်းကန်း" ကို မယ်တော်ကြီးရဲ့ တပည့်မ သီလရှင် ၉ ပါး က သိုင်းပညာတစ်မျိုးစီ ခိုးသင်ပေးခဲ့တာကြောင့် "ပညတ်တော် ၉ ပါး သိုင်းကျင့်စဥ်" ကို တတ်မြောက်လာချိန်မှာ "ကျမ်အင်းကန်း" ဟာ "ရွှေရောင်ခရေပွင့်ဂိုဏ်း" က "ရီဖုန့်" နဲ့ သိကျွမ်းမိပြီး သူ့ဘဝ တစ်စိတ်တစ်ပိုင်းကို သိရှိလာခဲ့ပါတယ်။
အဲဒီနောက် အကျဥ်းကျခံနေရတဲ့ မိခင် "ကျဲစု" နဲ့ ဆုံတွေ့ပြီးနောက်မှာတော့ သစ္စာဖောက် ဂိုဏ်းတူညီ "ရီကုံးလျှံ" ကြောင့် သိုင်းလောကမှာ နာမည်ပျက်ခဲ့ရတဲ့ သူ့ဖခင်ရဲ့ အဖြစ်မှန်ကို ဖော်ထုတ်ဖို တာဝန်ပေးခံရတဲ့အတွက် "ကြာပန်းတောင်ကုန်း" က ထွက်ခွာလာခဲ့ပါတယ်။
"ကျမ်အင်းကန်း" ဟာ "ကျမ်မျိုးနွယ်"၊ "ရီမျိုးနွယ်"၊ "ကျဲမျိုးနွယ်" နဲ့ "ရန်မျိုးနွယ်" တို စုပေါင်းတည်ထောင်ခဲ့တဲ့ "ရွှေရောင်ခရေပွင့်ဂိုဏ်း" ရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်နေတဲ့ "ရီကုံးလျှံ"၊ ဖခင်ရဲ့ လူယုံတော်ဟောင်း "ဟူရှန့်ချင်"၊ ဗျိုင်းဖြူဂိုဏ်းချုပ် "ချီးပိုင်လျှံ" တိုရဲ့ အကြိမ်ကြိမ် လုပ်ကြံမှုတွေကြားမှာ ငရဲပန်းအဆိပ်မိလိုက်၊ ငရဲမီးကန်ထဲကျလိုက်နဲ့ အကြိမ်ကြိမ်ဒုက္ခရောက်ခဲ့ရပါတယ်။
ဒါပေမဲ့ အသက်မသေဘဲ ဂိုဏ်းတူဆရာကြီးတွေဖြစ်တဲ့ "ရီဝမ်ကျွန်း" နဲ့ "ကျဲကျန်းယွမ်" တိုဆီက "မိုးကြိုးမုန်တိုင်း ၆၄ ကွက်" နဲ့ "သေမင်းတမန်သိုင်းကျမ်း"၊ "ယက္ခဂိုဏ်းချုပ်" ဆီက "လက်ညှိးသိုင်း"၊ "နဂါးကျာပွတ်ဂိုဏ်း" ဆီက "ကြာပွတ်သိုင်း" တိုကို ပညာအမွေရခဲ့တဲ့အတွက် "ထိုင့်စမ်းတောင် သိုင်းပြိုင်ပွဲ" မှာ အနိုင်ရခဲ့ပြီးနောက် တိုင်းပြည်ရဲ့ သစ္စာဖောက်တွေကို ဖော်ထုတ်ဖို ကြိုးစားတဲ့အခါ ... ။
📚 ၈ အုပ်တွဲ