"သိမ်းငှက်" ဟာ "ပူတင်းမြိုနယ်" တဝိုက်က အာဏာအလွဲသုံးသူတွေ၊ ဝိသမ လောဘသားတွေကို ဥပဒေဘောင်ပြင်ပက နှိမ်နင်းနေသူတစ်ဦးဖြစ်ပြီး အကျင့်ပျက်သူတစ်ဦးဖြစ်တဲ့ "ပူတင်းမြို မန်ချူးဘုရင်ခံ" ကို သုတ်သင်ပြီးနောက်မှာတော့ "သိမ်းငှက်" ကို အမြန်ဖော်ထုတ်ဖမ်းဆီးဖို့ "နေပြည်တော်" က ညွှန်ကြားလာတဲ့အတွက် ထောက်လှမ်းရေးအဖွဲ့က "မားကျန်" ဟာ တပူတပြင်း စုံစမ်းရပါတော့တယ်။
သဲလွန်စတစ်ခုဖြစ်တဲ့ "စွန်ကီ" ဆန်ဆိုင်ပိုင်ရှင် "ချန်းချင်း" ရဲ့ ငွေလွှလက်မှတ်တစ်စောင်နောက်ကို ခြေရာခံလိုက်ရင်း သံသယရှိသူတွေဖြစ်တဲ့ ဇာတ်မင်းသမီး "ဝါးချွေဖုံး" ရဲ့ ချစ်သူ "ရှောက်လူ" ၊ ကြေးစား "မျက်နှာဖြူ မုစန်း"၊ ဝရမ်းပြေးဓါးပြ "ဝံပုလွေ" တို့ဟာ "သိမ်းငှက်" မဟုတ်ဘဲ ဘယ်လိုမှ ထင်မှတ်မထားသူက "သိမ်းငှက်" ဖြစ်နေတဲ့အခါ ... ။
(မိုးကျော်သူ ရဲ့ "အဖြူရောင်လူဆိုး" ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ပဲ ရေးသားခဲ့တဲ့ "သိမ်းငှက်" ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဝတ္တုအမည်သာကွဲပြားပြီး ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဇာတ်ကောင်အမည် အတူတူပဲဖြစ်ပါတယ်။ "သိမ်းငှက်" ကို ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ