သိုင်းလောက ရဲ့ "ကြယ်ခုနစ်ပွင့်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ "ဝမ်းလေမင်း"၊ "ချူးမင်းဝေ"၊ "ဝူးချန်းတုန်"၊ "ကုန်းကျိ"၊ "လုဖုန်း"၊ "ပုကောင်း" နဲ့ "စီးမွန်ပင်" တို အထဲမှာ ဘုန်းတော်ကြီး "ဝမ်းလေမင်း"၊ လက်တစ်ထောင် ဘီလူးမင်း "ကုန်းကျိ" နဲ့ သိုင်းခြောက်ကွက် ရသေ့ကြီး "စီးမွန်ပင်" တို့ဟာ "ခွန်လွန်ဂိုဏ်းချုပ်" စစ်တုရင်စာပေသမား "ကုမိန်ဖုံး" ရဲ့ တပည့်တွေဖြစ်ကြပြီး မိန်းကလေး "ဇုံရှုတ်ယို" ကို ချစ်ကြိုက်မိခဲ့ကြရာက စိတ်ဝမ်းကွဲပြားကာ ရန်သူတွေသဖွယ် ဖြစ်ခဲ့ကြပါတယ်။
နှစ်ပေါင်း ၂၀ အကြာမှာတော့ "နန်းဝါ" ဂိုဏ်းသား လူငယ်လေး "ဇုံရိဝါး" ဟာ လက်တစ်ထောင်ဘီလူးမင်း "ကုန်းကျိ" ရဲ့စိန်ခေါ်မှုကို ဆရာဖြစ်သူ ဘုန်းတော်ကြီး "ဝမ်းလေမင်း" ကိုယ်စား ယှဥ်ပြိုင်တိုက်ခိုက်ဖို့ သိုင်းလောကထဲ ဆင်းလာခဲ့ပေမယ့် လက်တစ်ထောင်ဘီလူးမင်း "ကုန်းကျိ" ကို ရှာမတွေ့တဲ့အပြင် "ကုန်းကျိ" အတု ၃ ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး သိုင်းလောကကို စိုးမိုးဖို့ ကြံရွယ်နေတဲ့ "ဂြိုဟ်ငါးလုံး" ဂိုဏ်းချုပ် "ဝူးလိန်ဝ" ဖန်တီးထားတဲ့ ပြသနာတွေထဲ စတင် တိုးဝင်လာခဲ့မိပါတယ်။
စိတ်ထားကောင်းသလို သိုင်းပညာထူးချွန်ပေမယ့် အတွေ့အကြုံနည်းလွန်းတာကြောင့် ထောင်ချောက်ထဲ မကြာခဏ တိုးဝင်မိတဲ့ "ဇုံရိဝါး" ကို "ဂြိုဟ်ငါးလုံးဂိုဏ်း" က မိန်းကလေးတွေဖြစ်ကြတဲ့ "ရောင်ကူးလျှံ" နဲ့ "ကျန်းအင်း" တို့က ကူညီပေးခဲ့ကြတဲ့အတွက် သစ္စာဖောက်အဖြစ်သတ်မှတ်ခံခဲ့ကြရပြီး "ဇုံရိဝါး" ကလည်း သူတိုနှစ်ဦးလုံးအပေါ် သံယောဇဉ် တွယ်ငြိခဲ့ပါတယ်။
သိုင်းပညာနဲ့ပတ်သက်ပြီး ကံကောင်းလွန်းတဲ့ "ဇုံရိဝါး" ဟာ နဂါးနိုင်သိုင်းသမား "လုဖုန်း" ရဲ့ "နဂါးနိုင်လက်ဝါးသိုင်း"၊ စစ်တုရင်စာပေသမား "ကုမိန်ဖုံး" ရဲ့ "စစ်တုရင်သိုင်း"၊ ဘီလူးစိမ်း "ပုကောင်း" ရဲ့ "စစ်တုရင် ပြောင်းပြန်သိုင်း" တိုကို သင်ကြားခွင့်ရခဲ့တဲ့အတွက် "ဂြိုဟ်ငါးလုံး" ဂိုဏ်းချုပ် "ဝူးလိန်ဝ" ကို ရင်ဆိုင်လာနိုင်ခဲ့သလို မိဘတွေရဲ့ မေတ္တာရေးအရှုပ်အထွေးကြားမှာ ဓါးစာခံဖြစ်ခဲ့ရတဲ့ ညီမဖြစ်သူနဲ့ ပြန်ဆုံရတဲ့အခါ ... ။
📚၃ အုပ်တွဲ