"ကျင်ရွှမ်းအာမခံဌာန" က သယ်ယူပိုဆောင်ပေးနေတဲ့ "ရတနာဘူး"၊ "ခေတ်ပန်းဂိုဏ်း" က သယ်ယူလာတဲ့ "နှစ်တစ်ထောင်ဆေးမြစ်" တိုဟာ ချန်အန်းမြိုအရောက်မှာ တိုက်ခိုက်လုယူခံလိုက်ရတဲ့အတွက် ချန်အန်းမြိုအပါအဝင် အနောက်မြောက်ပိုင်းဒေသရဲ့ ခေါင်းဆောင်ကြီးဖြစ်သူ "ချိုကျား" ရဲတိုက်ပိုင်ရှင် "ချိတင်းရှောင်" ကို အကူအညီတောင်းခံခဲ့ကြပါတယ်။
ဒါကြောင့် "ချိတင်းရှောင်" ဟာ သွေးသောက်ညီတွေဖြစ်တဲ့ မြင်းဖြူရဲတိုက်သခင်လေး "ချမ်းမွန်ရှ"၊ "ကျန်းပေါင်ဝမ်း"၊ "စုအိစန်း" နဲ့ "ကျင်းရှောင်ချမ်း" တိုနဲ့အတူ တရားခံကို စုံစမ်းရှာဖွေခဲ့ပါတယ်။
သဲလွန်စတွေအရ "မိုးဆမ်းပန်း" ဂေဟာက ပြည့်တန်ဆာမယ် "စွေ့ချမ်းချမ်း" ကို သင်္ကာမကင်းဖြစ်မိတဲ့အတွက် မြင်းဖြူရဲတိုက်သခင်လေး "ချမ်းမွန်ရှ" ဦးဆောင်ပြီး သွားရောက်စုံစမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ "စွေ့ချမ်းချမ်း" ဟာ ပြည့်တန်ဆာ ဟန်ဆောင်ထားတဲ့ ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်နေတာကို သိလိုက်ရပြီး "စွေ့ချမ်းချမ်း" ရဲ့ လမ်းညွှန်မှုကြောင့် ပစ္စည်းတွေကို လုယက်တဲ့ တရားခံဟာ "ဗိုလ်တကာ့ဗိုလ်ဂိုဏ်း" ဖြစ်နေတာကို သိလိုက်ရပါတယ်။
"ဗိုလ်တကာ့ဗိုလ်ဂိုဏ်း" ဟာ အလွန်လျှိဝှက်သလို ထိပ်တန်းသိုင်းပညာရှင်တွေ အများအပြား ရှိနေကြတာကြောင့် "ချိတင်းရှောင်" နဲ့ "ချမ်းမွန်ရှ" တို မယှဥ်နိုင်ဘဲ အဖမ်းခံခဲ့ကြရတဲ့အတွက် သူတိုကို "စွေ့ချမ်းချမ်း" က ကယ်တင်ပေးခဲ့ရပါတယ်။
သိုင်းစွမ်းထက်လှတဲ့ မိန်းမလှလေး "စွေ့ချမ်းချမ်း" ဟာ အင်အားကြီးမားတဲ့ "ရွှေဟင်္သာတောင်ကြား" ရဲ့ ကျောထောက် နောက်ခံရှိသူဖြစ်သလို အလွန်ထူးဆန်းတဲ့ စိတ်ဝေဒနာ စွဲကပ်နေသူလည်း ဖြစ်နေတာကို "ချမ်းမွန်ရှ" တို သိလိုက်ရတဲ့အတွက် သူမကို ကုသပေးဖို ဝိုင်းဝန်း ကြိုးစားခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ထိပ်တန်းအဆင့် သိုင်းပညာတတ်မြောက်သူ လူငယ်လေး "ကိုလေးယုံ" ကလည်း ငယ်စဥ်က ကျေးဇူးရှိခဲ့ဖူးတဲ့ ကျင့်ရွှမ်းအာမခံဌာနပိုင်ရှင် "ဝမ်ကျူဖန်း" ကို အကူအညီပေးရင်း ဒီပြသနာတွေထဲ ပါဝင်လာခဲ့ပါတယ်။
အဲဒီလိုပဲ ခေတ်ပန်းဂိုဏ်းချုပ်ကြီး "ဝမ်စုဖုံး" ကလည်း "နှစ်တစ်ထောင်ဆေးမြစ်" လုယူခံရမှုကို လိုက်လံစုံစမ်းရင်း "ချိတင်းရှောင်" တို အုပ်စုနဲ့ ပူးပေါင်းမိခဲ့ပါတယ်။
ဒီလိုနဲ့ ခေတ်ပန်းဂိုဏ်းချုပ်ကြီး "ဝမ်စုဖုံး" ဦးဆောင်တဲ့ အဖြူရောင်သိုင်းလောကသားတွေဟာ အင်အားတောင့်တင်းလာခဲ့ပေမယ့် တဖက်မှာလည်း ရင်ဆိုင်နေရတဲ့ အမည်မသိ ရန်သူဦးဆောင်တဲ့ လျှိဝှက်အဖွဲဟာ ခန့်မှန်းမရလောက်အောင် အင်အားတောင့်တင်းနေပြီး သိုင်းလောကတစ်ခုလုံးကို အဆိပ်ပညာနဲ့ မွှေနှောက်ဖို စနစ်တကျ စီစဥ်ထားတဲ့အခါ ... ။
("မိုးကျော်သူ" ရဲ့ "သိုင်းလောကမဟာအကြံအစည်"၊ ၇ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သိုင်းတံခွန်"၊ ၈ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်သိမ်းပိုင်း အနည်းငယ်ကလွဲလို အတူတူပဲ ဖြစ်ပါတယ်။
"သိုင်းတံခွန်" ကို ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့ပြီး "သိုင်းလောကမဟာအကြံအစည်" ကို ၁၉၈၈ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။)
📚၇ အုပ်တွဲ