လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
သိမ်းငှက်မြို့စားကြီး "ချောင်တာအင်း" ဟာ မတရား အာဏာသိမ်းဖိုကြိုးစားနေတဲ့ ပညာသင်ဘက် သရဲမြိုစားကြီး "စီးပန်း" ရဲ့ အကောက်ကြံမှုကြောင့် အဆိပ်မိနေခဲ့ပါတယ်။
ဒီအချိန်မှာ "စီးပန်း" က "ချောင်တာအင်း" ဟန်ဆောင်ပြီး ရတနာမြေပုံပါဝင်တဲ့ "ကျောက်ဆစ်နဂါးရုပ်တု"နဲ့ "ပုလဲလုံး" တွေကို ပုန်ကန်ထကြွမယ့် သူ့ဘက်တော်သားတွေရှိရာ "သိမ်းငှက်မြို့" ကို အာမခံဌာနတွေကတဆင့် ပို့ဆောင်ခဲ့ပေမယ့် သူ့အစီအစဥ် မအောင်မြင်ဘဲ ကြားဖြတ် လုယူခံလိုက်ရပါတယ်။
"သိမ်းငှက်မြိုစားကြီး" နဲ့ "သရဲမြို့စားကြီး" တို့ရဲ့ အားပြိုင်ပွဲမှာ "လေ" လို ထိန်းချုပ်ရခက်ခဲတဲ့ "လုံဆင်ပိ"၊ နေရာတကာ ဝင်ပါတတ်တဲ့ "ဝေ့ခုံးခုံး"၊ အရက်အလွန်ကြိုက်တဲ့ လူဝကြီး "ထန်ကြိုချွမ်"၊ မဟုတ် မခံတတ်တဲ့ "စုမာရှဲ" တို့ ပါဝင်လာကြတဲ့အခါ ... ။
📚လုံးချင်း