တချိန်က "ရှောင်လင်ကျောင်း" ကို "မန်ချူး"တွေ ကျူးကျော်တိုက်ခိုက်တဲ့အတွက် မီးလောင်ပျက်စီးသွားစဥ်မှာ အဖိုးတန် ရှေးဟောင်း ပုရပိုက် ၂ ခုကို "ဂိုဏ်းချုပ်ဆရာတော်" နဲ့ ဘုန်းတော်ကြီး "ဝေ့အင်း" တို့က တစ်ခုစီ ယူဆောင်တိမ်းရှောင်သွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပုရပိုက်တစ်ခုကို သစ္စာဖောက်တပည့် "စုတုအင်း"က လုယူသွားခဲ့သလို ဘုန်းတော်ကြီး "ဝေ့အင်း" ဟာလည်း ရုတ်တရက် ပျံလွန်သွားတာကြောင့် သူ့ဆီက ပုရပိုက်ဟာလည်း ဘယ်ဆီရောက်မှန်းမသိဘဲ ခြေရာပျောက်သွားခဲ့ပါတယ်။
စကြဝဠာသိုင်းဆရာ "နန်းကန်းယိုယွင်း"၊ မြိုစောင့်တပ်မှူး "စုတုအင်း" နဲ့ မိန်းကလေး "သန့်ရှုတ်ရွှန့်" တိုဟာ မူလက ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပေမယ့် "နန်းကန်းယိုယွင်း" ခရီးထွက်နေချိန်မှာ သူ့ရဲ့ချစ်သူ "သန့်ရှုတ်ရွှန့်" ကို "စုတုအင်း" က အပိုင်ကြံစည်သိမ်းပိုက်ခဲ့တာကြောင့် စိတ်နာကျည်းသွားတဲ့ "သန့်ရှုတ်ရွှန့်" ဟာ "စုတုအင်း" ရဲ့ ပုရပိုက်မြေပုံကို ခိုးယူထွက်ပြေးခဲ့ပြီး သူနဲ့ သမီးအမြွာနှစ်ယောက်ရဲ့ ကျောပြင်မှာ ၃ ပိုင်းခွဲ ဆေးမင်ထိုးကာ မြေပုံကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။
တစ်ညမှာတော့ "သန့်ရှုတ်ရွှန့်" ဇာတ်မြှုပ်နေထိုင်ရာ ရွာလေးမှာ ဓါးပြတိုက်ခံရပြီး မျက်နှာဖုံးစွပ် ဓါးပြ ခေါင်းဆောင် ၃ ဦးက သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားတဲ့အတွက် ပုရပိုက်မြေပုံတွေ အပိုင်းပိုင်းကွဲသွားတဲ့အခါ ... ။
(မိုးကျော်သူ ရဲ့ "လျှို့ဝှက်သိုင်းသမားနှင့် ရတနာသိုက်"၊ ၈ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ပဲ ရေးသားတဲ့ "ရှောင်လင်သိုင်းပုရပိုက်"၊ ၆ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အနည်းငယ်သာ ကွဲပြားပြီး ဇာတ်ကောင်နာမည်တွေကအစ အတူတူပဲ ဖြစ်ပါတယ်။ "ရှောင်လင်သိုင်းပုရပိုက်" ကို ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၈ အုပ်တွဲ