လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လဆန်းတစ်ရက်" ဆိုတာဟာ ဓားပျံကိုအသုံးပြုတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ရဲ့အမည်ဖြစ်ပြီး သုံးနှစ်အတွင်း နာမည်ကျော်သိုင်းသမား ကိုးဦးတိတိကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် သိုင်းလောကမှာ ဟိုးဟိုးတောက် ကျော်ကြားနေခဲ့ပါတယ်။
နှင်းဓါးဗေဒါ "လုံဆင်ပိ" ဟာ သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ "ဝေ့ခုံးခုံး" ရဲ့ ဦးလေးဖြစ်သူ ရေခဲတောင်ရဲတိုက်ပိုင်ရှင် "ဝေ့ကွမ်းဝူး" ကို သတ်ဖို့ "လဆန်းတစ်ရက်" က သတိပေးလိုက်တဲ့သတင်း သိုင်းလောကမှာ ထွက်ပေါ်လာပြီးနောက် ဒီအခြေအနေတွေကို တားဆီးဖို့ "လဆန်းတစ်ရက်" ကို လိုက်လံရှာဖွေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့ချစ်သူ "ထန်ကူးကျင်း" ကို "ကျွန်ဘုရင်" က ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းနဲ့အတူ ယောက်ဖလောင်း အရက်သမား "ထန်ကြိုချွမ်း"၊ ယောက္ခမလောင်း "ထန်အဖိုးအို" တို့ရောက်ရှိလာကြပြီး "ကျွန်ဘုရင်" ကို လိုက်လံရှာဖွေခဲ့ကြပြန်ပါတယ်။
အမည်သာကြားဖူးကြပြီး ဘယ်သူမှ မတွေ့မြင်ခဲ့ဖူးကြတဲ့ "လဆန်းတစ်ရက်" နဲ့ "ကျွန်ဘုရင်"၊ ဘယ်အရာမဆို လက်မလျှော့ဘဲ ခြေရာခံလိုက်တတ်တဲ့ "လုံဆင်ပိ" တို့လူစု ရင်ဆိုင်တွေ့ကြတဲ့အခါ .. ။
📚၂ အုပ်တွဲ