သိုင်းသမား "လိမ်ဝိုင်းပင်" ဟာ မိဘမဲ့ကလေးငယ် "ရှောင်ကျင်းယုံ" ကို "တိဗက်ပြည်" က "ပူတာလကျောင်း" ကို ပို့ဆောင်ပြီး သာသနာ့ဘောင် ဝင်စေခဲ့ပေမယ့် တချိန်က အကောက်ကြံခဲ့တဲ့ တိဗက်သိုင်းသမား "တုတ်တိပါ" ကို လက်စားချေလိုတဲ့ ပြည်မထိပ်သီးသိုင်းသမားကြီးတွေက "ကိုရင်လေး စင်းတိမ်း" ကိုပဲ တပည့်အဖြစ်ရွေးချယ်ကာ သိုင်းပညာတွေ ဝိုင်းဝန်းသင်ကြားပေးခဲ့တာကြောင့် "ရှောင်ကျင်းယုံ" ဟာ အရှုပ်အထွေးတွေထဲ မရောက်ချင်ဘဲ ရောက်လာရပါတော့တယ်။
"ဝါးရုံသိုင်းသမား လိန်ကု"၊ "ကူဘွားဘွား"၊ "ဝေဒနာရှင်သိုင်းသမား လူကျန့်ဝမ်"၊ "ညသရဲ ဝမ်းကျန့်"၊ "ဝမ်းကျောင်း"၊ "ချိုစိမ်း"၊ "ထိတက်" တို့ရဲ့ ထိပ်တန်းသိုင်းပညာတွေနဲ့ "တိဗက် သိုင်းသမား တုတ်တိပါ" ကို ရင်ဆိုင်ရာမှာ ကိုရင်လူထွက်ကလေး "စင်းတိမ်း" ဟာ အခက်အခဲ မရှိလှပေမယ့် မိန်းမလှလေးတွေဖြစ်တဲ့ "တီဟုအင်း" နဲ့ "မော်လင်နာ" တိုနှစ်ယောက်ကြားက မေတ္တာရေးမှာတော့ လူရိုးကလေးဟာ ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရသလို အတိတ်ကာလက သူ့မိဘနှစ်ပါးနဲ့ "လိမ်ဝိုင်းပင်"၊ "တုတ်တိပါ" တို့ရဲ့ ၄ ပွင့်ဆိုင် အဖြစ်အပျက်တွေကို သိရှိသွားတဲ့အခါမှာတော့ ... ။
( "မိုးကျော်သူ" ရဲ့ "ပူတာလကျောင်းတော်သား"၊ ၆ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "သရဖူငြင်းသော သိုင်းဧကရာဇ်"၊ ၇ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်းဇာတ်ကွက် တချို့ကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။ "ပူတာလကျောင်းတော်သား" ကို ၂၀၀၆ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၆ အုပ်တွဲ