စာရေးဆရာကြီး "ကုလုံ" ရဲ့ "ကိုးလပိုင်းတွင် ပျံသန်းသော သိမ်းငှက်" (Eagle Soaring in the Ninth Month) ကို "မိုးကျော်သူ" က "ဓါးသမားနှင့် ပင်တိုင်စံ" လို အမည်ပေး ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
ဒီ "Eagle Soaring in the Ninth Month" (ဓါးသမားနှင့် ပင်တိုင်စံ) စာစဥ်မှာ "Sentimental Swordsman, Ruthless Sword" (အမြင့်မြတ်ဆုံးနှလုံးသား) စာစဥ်မှာ "လီရွှင်ဟွမ်း"(ဓားပျံရှောင်လီ) နဲ့ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ ရွှေကြေးပြားဂိုဏ်းချုပ် "စန်ကွမ်းကျင်းဟုန်" ရဲ့သမီး "စန်ကွမ်းရှောင်ရှမ်း" က အဓိက ဇာတ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး "လီရွှင်ဟွမ်း"(ဓားပျံရှောင်လီ) ရဲ့ တပည့် "ယဲ့ခိုင်" နဲ့ "စန်ကွမ်းကျင်းဟုန်" ရဲ့သမီး "စန်ကွမ်းရှောင်ရှမ်း" တို ဥာဏ်ပညာရော၊ သိုင်းပညာပါ ဆက်လက်ယှဥ်ပြိုင်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
"စန်ကွမ်းရှောင်ရှမ်း" ဟာ "ထိန်လင်းလင်း"၊ "ချိုယိုကျင်း" တိုလိုပဲ "ယဲ့ခိုင်" ကို မေတ္တာ သက်ဝင်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် "ယဲ့ခိုင်" ကို ကြိုးကိုင်အသုံးချပြီး ဆူးညှောင့်ခလုတ်တွေကို ဖယ်ရှားဖိုနဲ့ ဂိုဏ်းချုပ်ကြီးတစ်ဦးအဖြစ် သိုင်းလောကမှာ ကျော်ကြားစေဖို ကြိုးစားရာမှာလည်း အချစ်ကို စတေးနိုင်ခဲ့သူအဖြစ် တွေ့ရမှာဖြစ်ပါတယ်။
📚၅ အုပ်တွဲ