လူသတ်ပြီးတဲ့အခါတိုင်း "အနီရောင်အရိုးခေါင်း" သင်္ကေတ ချန်ထားခဲ့လေ့ရှိတဲ့ "တစ္ဆေရဲတိုက်" ပိုင်ရှင်ဟာ ရာချီတဲ့ သိုင်းသမားတွေကို သတ်ဖြတ်ခဲ့တာကြောင့် သိုင်းလောကတစ်ခုလုံးက ကြောက်ရွှခဲ့ကြရပေမယ့် သိုင်းပညာမတတ်တဲ့ လူငယ်လေး "ဟန်ရှန်းကျိ" ကတော့ "တစ္ဆေရဲတိုက်" ကို လက်စားချေဖို အမြဲတွေးတောနေသူ ဖြစ်ပါတယ်။
"ဟန်ရှန်းကျိ" ဟာ တစ်မိသားစုလုံး အသက်ခံခဲ့ရတာတောင် လက်စားမချေဘဲ ဝေဟင်ဂိုဏ်းချုပ် "ဝူးပိန်ခုန်" နဲ့နောက်အိမ်ထောင်ပြုသွားတဲ့ မိခင်ဖြစ်သူ "ဝမ်းချွေအင်း" ကိုအကြောင်းပြုပြီး မိန်းမတွေကို မုန်းတီးနေသူ ဖြစ်ပါတယ်။
ဒါပေမဲ့ "ဟန်ရှန်းကျိ" ဟာ သိုင်းပညာမတတ်တဲ့အတွက် သိုင်းလောကထဲ ယောင်လည်လည် အခက်ကြုံနေရတာကြောင့် တစ္ဆေရဲတိုက်" ပိုင်ရှင် ရဲ့သမီး "တုံးဖန်ဝေ" က လေလွင့်ဗေဒါလေး ဟန်ဆောင်ကာ ဝိုင်းဝန်းကူညီပေးနေခဲ့ရပါတယ်။
ကံကောင်းထောက်မစွာ ထူးဆန်းတဲ့ ရေအိုင်ကြီး နံဘေးက "လိပ်ကြီးသခင်" ရဲ့ "လိပ်သိုင်း" နဲ့ "ကောင်းကင်လက်ဝါး" တစ်ဖက်ကို ရရှိခဲ့ပြီးနောက်မှာတော့ သိုင်းပညာတတ်လာတဲ့ "ဟန်ရှန်းကျိ" တစ်ယောက် "တစ္ဆေရဲတိုက်" ကို စိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်ကာ မြစ်ထဲမျောပါသွားခဲ့ပါတယ်။
မိန်းမမုန်းတီးတဲ့ "ဟန်ရှန်းကျိ" ဟာ အမျိုးသမီးတွေနဲ့ချည်း ဆက်တိုက်ဆုံတွေခဲ့ရပြီး "ပရိဂိုဏ်း" က မိန်းကလေး "ဝူးရှောင်မီ" က သူ့ကို မြစ်ထဲက ကယ်တင်ကုသပေးခဲ့သလို "ဝိညာဥ်မဲ့သူ" နဲ့ "စေတနာရှင်" အမည်ရှိ အမျိုးသမီးနှစ်ယောက်ကလည်း အကြိမ်ကြိမ်ကူညီခဲ့ကြရုံသာမက "ဝေဟင်ဂိုဏ်း" ထဲ ကျူးကျော်ဝင်ရောက်သွားတဲ့ "တုံးဖန်ဝေ" ကို "ဟန်ရှန်းကျိ" က လိုက်ရှာရင်း အဖမ်းခံရကာ သေဒဏ်ပေးခံရချိန်မှာလည်း "ဝိညာဥ်မဲ့သူ" နဲ့ "စေတနာရှင်" တို့ကပဲ ကယ်တင်ပေးခဲ့ပြန်ပါတယ်။
အဲဒီနောက်မှာတော့ "နတ်ဆိုး" အမည်နဲ့ ရုပ်ဖျက်ထားတဲ့ "ဟန်ရှန်းကျိ" ဟာ ဆရာအသစ်ဖြစ်သူ "တာလိနိုင်ငံ" ဘုရင် "မင်းယက္ခ" ထံက သင်ယူခဲ့တဲ့ "သံမဏိလက်ညှိုးသိုင်းပညာ" နဲ့ "တစ္ဆေရဲတိုက်" ပိုင်ရှင်ကို ဒုတိယအကြိမ် သွားရောက်ယှဥ်ပြိုင်ရာမှာလည်း ရှုံးနိမ့်ခဲ့ပြီး သွေးကြောပိတ်ခံရကာ သိုင်းပညာ ယာယီဖျက်ဆီးခံခဲ့ရပြန်ပါတယ်။
အဲဲဒီအတွက် "တုံးဖန်ဝေ" က ကယ်တင်ပေးခဲ့ရသလို "ဝိညာဥ်မဲ့သူ" ကလည်း သိုင်းပညာပြန်ရအောင် လက်တစ်ဖက် အပြတ်ခံပြီး သွေးကြောဖွင့်ပေးခဲ့တာကြောင့် မိန်းမမုန်းသူ "ဟန်ရှန်းကျိ" တစ်ယောက် "ဝူးရှောင်မီ"၊ "တုံးဝေဖန်"၊ "ဝိညာဥ်မဲ့သူ" နဲ့ "စေတနာရှင်" တိုကြား ပတ်သက်ဆက်နွယ်မှုတွေကို အဖြေရှာမရ ဖြစ်နေခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြသနာတွေကို ဖန်တီးနေတဲ့ "တစ္ဆေရဲတိုက်" ပိုင်ရှင် အတုတစ်ယောက် ရှိနေတာကို သိခဲ့ရပြီး "တစ္ဆေရဲတိုက်" ပိုင်ရှင်အစစ်ဖြစ်တဲ့ "တုံးဖန်လျှံ" ရဲ့ ဘဝဇာတ်ကြောင်း၊ သူနာကျည်းခဲ့ရတဲ့ သူ့မိခင် "ဝမ်ချွေအင်း" ရဲ့ အဖြစ်မှန်တွေ၊ ချစ်ရသူ "တုံးဖန်ဝေ" နဲ့ သူ့ဖခင် "ဟန်စေ့ဟု" တို့အကြားပတ်သက်မှုတွေနဲ့ "တစ္ဆေရဲတိုက်" ရဲ့ သစ္စာဖောက်တစ်ယောက်အကြောင်း သိလိုက်ရပြီးနောက် ... ။
📚 ၄ အုပ်တွဲ