တချိန်က TV ဖန်သားပြင်မှာ နှစ်ခြိုက်စွဲလမ်းစွာ ကြည့်ခဲ့ရတဲ့ "မျက်နှာမည်းကြီး" ပြည်သူ့တရားရှင် "ပေါင်ချိန်" ရုပ်သံဇာတ်လမ်းတွဲထဲက ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။
ဒီ "အိမ်ရှေ့စံနဲ့ကြောင်ပေါက်လေး" စာစဥ်မှာ ၁၈ နှစ်တိုင်တိုင် မြုပ်ကွယ်နေတဲ့ နန်းတွင်းလုပ်ကြံမှုကြီးတစ်ခုကို ခက်ခက်ခဲခဲ ဖော်ထုတ်ခဲ့ရတဲ့အကြောင်းဖြစ်ပြီး ဒီအမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ "ပေါင်ချိန်" ရဲ့ တရားစီရင်မှုကို မင်းမျိုးမင်းနွယ်တွေ၊ ရာထူးရာခံရှိသူတွေ၊ ငွေရှင်ကြေးရှင်တွေက နှောင့်ယှက်ဟန့်တားခြင်း မပြုနိုင်အောင် ဘုရင်ကိုယ်တိုင် "လက်သုံးတော်ဓါး" ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
"ရန်ကျုံးဘုရင်" ရဲ့ မြောက်နန်းစံမိဖုရား "ဝေ့ကျင်းကျင်း" ဟာ အတွင်းဝန် "ကိုဟိုင်" နဲ့ ပူးပေါင်းပြီး တောင်နန်းစံမိဖုရား "ရင်စုစု" က မွေးဖွားလာတဲ့ သားတော်ကို သူ့ရဲ့သားတော်အဖြစ် ခိုးယူခဲ့တဲ့အပြင် "တောင်နန်းစံမိဖုရား" ကိုလည်း "ကြောင်ကလေး" မွေးဖွားကြောင်း လုပ်ကြံစွပ်စွဲခဲ့တဲ့အတွက် ဘုရင်က အမျက်မာန်ရှကာ "ရင်စုစု" ကို "အပယ်ဆောင်" ကို ပို့ခဲ့ပါတယ်။
ရာထူးကျပြီး "အပယ်ဆောင်" ရောက်သွားတဲ့ တောင်နန်းစံမိဖုရား "ရင်စုစု" ကို အတွင်းဝန် "ကိုဟိုင်" က မီးရှို့လုပ်ကြံခဲ့ပေမယ့် ရံရွေတော် "နန်အိ" က လူချင်းလဲပြီး အသက်စွန့်ကာကွယ်ပေးခဲ့တာကြောင့် အသက်ရှင်ခဲ့တဲ့ "တောင်နန်းစံမိဖုရား" ဟာ "ရှန်းရှန်းကျေးရွာ" မှာ ၁၈ နှစ်ကြာ ဇာတ်မြှုပ်နေထိုင်ရင်း နယ်လှည့်လာတဲ့ တရားသူကြီး "ပေါင်ချိန်" ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
📚 ၂ အုပ်တွဲ