နေပြည်တော် က "အမတ်ကြီးရှောင်" ဟာ တရားမျှတစွာ တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူပြီးနောက် ကျေးလက်တောရွာမှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပေမယ့် ရန်ငြိုးမပြေတဲ့ ဒုစရိုက်သမား တိမ်တစ်လုံး "ဝမ်ချွန်" ဦးဆောင်တဲ့ "မိစ္ဆာညီနောင် ငါးဖော်" ရဲ့ လုပ်ကြံမှုကြောင့် တစ်အိမ်သားလုံး အသတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ "ကျောက်စိမ်းယပ်တောင်ရှင်" နဲ့ "ငွေရောင်မုတ်ဆိတ်ဘိုးတော်" တို့ရဲ့ ကယ်တင်မှုကြောင့် ၁၃ နှစ်အရွယ် သားလေး "ရှောင်ချန်ရင်" တစ်ယောက် အသက်ချမ်းသာရခဲ့သလို ကံကောင်း ထောက်မစွာ "ကျူးဝန်သီး" ကို စားခဲ့ရတဲ့အပြင် "ချန်ရှီသိုင်းကျမ်း" ကိုပါ ရခဲ့တဲ့အတွက် ထိပ်တန်းသိုင်းသမားတစ်ဦးအဖြစ် "ဝှာဆန်း" တောင်ပေါ်မှာ ကြီးပြင်းလာခဲ့ရပါတယ်။
အရွယ်ရောက်လို သိုင်းလောကထဲဆင်းလာတဲ့ "ရှောင်ချန်ရင်" တစ်ယောက် "ချန်ရှီသိုင်းကျမ်း" ကို လိုချင်တဲ့ လောဘသားတွေက ဝိုင်းဝိုင်းလည်နေသလို "တိမ်လွှာမယ်" ရဲ့ တပည့် "နန်းရိကျင်"၊ သိုင်းလောက ရဲ့ လူဆိုးမ "ပန်းကျဲမေလျှံ"၊ "နဂါးစိမ်းဂိုဏ်း" က ဒုဂိုဏ်းချုပ် "ဟိုရင်ဖုံး"၊ ဟင်္သာနက်ဂိုဏ်းချုပ်ကြီး "ယွင်းလုချောက်" ရဲ့ ကိုယ်ရံတော် "ကြာပန်းညီအစ်မ ၄ ဦး"၊ "နန်းရိကျင်" ရဲ့ ညီမ "ရွှေမင်ရှာ"၊ ဇာတိရွာ က "သူကြီးဝမ်ဝင်ကျင့်" ရဲ့ သမီး "ဝမ်ချိုရီ"၊ "ကန်ခွန်အဖိုးအို" ရဲ့ တပည့် "စွန်ဝမ်ဟုန်" စတဲ့ မိန်းမလှလေးတွေကလည်း ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။
ဒါ့အပြင် သူ့ကိုအကြောင်းပြုလို "နဂါးစိမ်းဂိုဏ်း" နဲ့ "ဟင်္သာနက်ဂိုဏ်း" တို့ ကြားမှာပါ ရန်စပွားလာတဲ့အတွက် "ရှောင်ချန်ရင်" ဟာ မိဘရန်ကြွေးဆပ်ဖို့ "မိစ္ဆာညီနောင် ငါးဖော်" ကိုတောင် ခြေရာခံချိန်မရ ဖြစ်နေခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေတဲ့ "အနန္တစကြာသိုင်းကျမ်း" ရဲ့ မြေပုံသတင်းကလည်း ပြန်လည်ပေါ်ထွက်လာပြီး လောဘသားတွေကြား ဂယက်ရိုက်ခတ်လာတဲ့အခါ "ရှောင်ချန်ရင်" ဟာ တေလေဂိုဏ်းချုပ်ကြီး "စုံရင်ဖေ့"၊ နဂါးစိမ်းဂိုဏ်းချုပ်ကြီး "စုလျှံတိန်"၊ မုတ်ဆိတ် "တုံဖွမ်ယုံ" နဲ့ သန်းခေါင်ယံမယ် "ကျန်ရိလန်" တို့လို မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်ခဲ့ပြီး နယ်ချဲ့ မန်ချူးရန်နဲ့ ရင်ဆိုင်ရတဲ့အခါ ... ။
📚 ၅ အုပ်တွဲ