"ကျင်းလိန်မြို့" က စာပေပညာရှင် "ကျိုကို့ချင်းယင်" ရဲ့ တပည့်တွေထဲမှာ စီးဝူကန် က ဓါးကျွန်းသခင်လေး "လုံလီ"၊ သူဌေးကြီး "ရှောင်ထင်းယန်" ရဲ့သား "ရှောင်ကောင်း" နဲ့ ယင်နန်နယ် က အလှမယ် "ကျူးဟုန်" တို့လည်း အပါအဝင်ဖြစ်ပါတယ်။
သူတို ၃ ဦးဟာ ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြသလို "ရှောင်ကောင်း" က "ကျူးဟုန်" ကို မေတ္တာရှိနေပြီး "ကျူးဟုန်" ကတော့ "လုံလီ" ကို မေတ္တာသက်ဝင်နေပေမယ့် "လုံလီ" ကတော့ ဓါးပညာကိုသာ သည်းသည်းမည်းမည်း စိတ်ဝင်စားသူ ဖြစ်ပါတယ်။
ဒါကြောင့် ဓါးကျွန်း ရဲ့ မျိုးရိုးစဥ်ဆက် "လက်ဝဲဓါးကျမ်း" ကို သင်ယူနိုင်ဖို လက်တစ်ဖက်ကိုတောင် စွန့်လွှတ်ပြီး လေ့ကျင့်သင်ကြားခဲ့တဲ့အခါ အချိန်တိုအတွင်းမှာပဲ ပြိုင်ဘက်ကင်းဓါးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သိုင်းလောကမှာ နှစ်အတန်ကြာ လှုပ်ရှားခဲ့ပြီးနောက် သွေးထွက်သံယိုမှုတွေ၊ ရန်ငြိုးအတုံ့အလှည့်တွေကို ငြီးငွေ့လာတဲ့ "လုံလီ" တစ်ယောက် ပြိုင်ဘက်ကင်းဓါးသမားဘွဲ့ကို စွန့်လွှတ်ပြီး မြင်းလှည်းမောင်းသမား "ကျင်းစန်း" အဖြစ် ဇာတ်မြှုပ်နေထိုင်ခဲ့ပေမယ့်လည်း မပြေနိုင်တဲ့ အရိပ်မည်းတွေက ထက်ကြပ်မကွာ လိုက်ပါလာတဲ့အခါ ... ။
📚 ၂ အုပ်တွဲ