သိုင်းပညာ ထူးချွန်သလို စွန့်စားရတာကိုမှ ဝါသနာပါသူ နာမည်ကျော် ဇာတ်ကောင် "ချူလျှူရှမ်း" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။
အရှေ့ပင်လယ်ပြင်မှာ "ပင်လယ်ဓါးပြ" တွေ သောင်းကျန်းလာတဲ့အခါ နေပြည်တော် က "ရှင်ဘုရင်" က ရေတပ်စေလွှတ်ပြီး နှိမ်နင်းခဲ့ပေမယ့် နေရာအတည်တကျမရှိဘဲ တံငါသည်တွေအဖြစ် ခြေရာဖျောက်နေထိုင်တတ်တဲ့ "ပင်လယ်ဓါးပြ" တွေကို ဘယ်လိုမှ ခြေရာခံမရ ဖြစ်နေခဲ့ပါတယ်။
ဒါကြောင့် "ရှင်ဘုရင်" ဟာ သိုင်းလောကသားတစ်ယောက်ဖြစ်တဲ့ "ကျောက်စိမ်းဓါးဂိုဏ်း" ရဲ့ ဂိုဏ်းချုပ် "ဆရာကု" ကို အကူအညီတောင်းခံပြီး သိုင်းလောကသားတွေရဲ့ စုပေါင်းအင်အားနဲ့ နှိမ်နင်းစေခဲ့ရာမှာ "ပင်လယ်ဓါးပြအဖွဲပြိုကွဲသွားတဲ့အတွက် "ရှင်ဘုရင်" က "ဆရာကု" ရဲ့ သမီး "ကျောက်စိမ်းဓါးမင်းသမီး" ကို "နန်းတွင်း မင်းသမီး" အဖြစ် ချီးမြှင့်ခဲ့ပါတယ်။
ပြိုကွဲသွားတဲ့ "ပင်လယ်ဓါးပြ" တွေဟာ တောင်ပင်လယ်က "စုထင်းဝမ်" ရဲ့လက်အောက်ကို တဖြည်းဖြည်း ခိုလှုံသွားခဲ့ကြရာက အင်အားကြီးလာတဲ့ "စုထင်းဝမ်" လည်း တစ်စင်ထောင်လာပြန်တဲ့အတွက် "ဆရာကု" ဟာ "စုထင်းဝမ်" ကို ဆက်လက် နှိမ်နင်းဖို ကြိုးစားခဲ့ရပြန်ပါတယ်။
ဒါပေမဲ့ "ကိုယ်ပွား ၇ ယောက်" ရှိတဲ့အတွက် "အသက် ၇ ချောင်း" ရှိသူလို နာမည်ကျော်နေတဲ့ "စုထင်းဝမ်" ကို ဘယ်လိုမှ မနှိမ်နင်းနိုင်ဘဲ ဖြစ်နေချိန်မှာ "စုထင်းဝမ်" က "ကျောက်စိမ်းဓါးမင်းသမီး" ကို လက်ထပ်ခွင့် တောင်းခံလာတဲ့အခါ ဒုစရိုက်လုပ်ငန်းတွေ ရပ်စဲသွားစေဖိုအတွက် "ဆရာကု" က လက်ခံခဲ့ရပြီး အရက်အိုး "ဝူးထိဝါး" ကို သတိုသမီး ပို့ဆောင်စေခဲ့ပါတယ်။
တဖက်မှာလည်း အရှေ့ပင်လယ်ပြင်မှာ ခိုးဆိုးလုယက်မှုတွေကို မစွန့်လွှတ်ချင်သေးတဲ့ "စုထင်းမုချိ" တို့ လူတစ်စုက "စုထင်းဝမ်" နဲ့ "ကျောက်စိမ်းဓါးမင်းသမီး" တို့ရဲ့ မင်္ဂလာပွဲ မဖြစ်မြောက်စေဖို့အတွက် အပြင်းအထန် ကြိုးစားခဲ့ကြရာမှာ အရက်အိုး "ဝူးထိဝါး" နဲ့ စပ်ဆက် ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ "ချူလျှူရှမ်း" လည်း ဒီပြသနာတွေထဲ ပါဝင်လာခဲ့ရပြီးနောက် ... ။
📚 ၂ အုပ်တွဲ