"ချန်ကြူး" မြိုစားကြီး "ယွမ်တန်မင်" ရဲ့ တစ်ဦးတည်းသော သမီးလေး "ယွမ်ဝေဝေ" ဟာ ၃ နှစ်ပြည့်မွေးနေ့မှာ "ခုတ်ထိ" အမည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခိုးယူခြင်းခံရပြီးနောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
"ခုတ်ထိ" ဟာ မြိုစားသမီးတော်လေးကို မသတ်ရက်တဲ့အတွက် "ချွေမီး" အမည်ရှိတဲ့ သူငယ်ချင်း ထံ လက်ပြောင်းလွှ သတ်စေခဲ့ပေမယ့် အကြံကြီးတဲ့ "ချွေမီး" က မင်းသမီးလေးကို မသတ်မီမှာ လည်ပင်းက "နဂါးရုပ်ဆွဲကြိုး" ကို ချွတ်ယူပြီး သူ့ရဲ့ သမီး "ချွေပန်း" ကို ဆွဲထားစေခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေဖြစ်ပွားနေချိန် "ချန်ကြူးမြို" နဲ့ အလှမ်းကွာဝေးလှတဲ့ "ရှန်တုံမြို" မှာတော့ မိဘမဲ့ တစ်ကောင်ကြွက်လူငယ်လေး "ချီလုယန်း" ဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်နေရပါတယ်။
"ရှန်တုံမြို" မှာ ဘက်စုံပညာသင်ကြားပေးနေတဲ့ "ယိုဟူးဂေဟာ" အမည်ရှိ ကျောင်းကြီးတစ်ခုရှိပြီး မြိုစား၊ နယ်စား သားသမီးတွေ၊ သူဌေးသူကြွယ် သားသမီးတွေသာ ပညာသင်ကြားခွင့်ရတာကြောင့် သာမန်လူတန်းစားတွေကတော့ အနားတောင် မကပ်နိုင်ကြပါဘူး။
ဒါပေမဲ့ ပညာကို လိုလားတဲ့ လူငယ်လေး "ချီလုယန်း" ကတော့ ဂေဟာကြီးအနီးက ရေသဖန်းပင်ပေါ်ကတဆင့် နှစ်အတန်ကြာ ဒုက္ခခံ ချောင်းမြောင်းသင်ယူရင်း စာရေးစာဖတ်တတ်လာသလို အခြေခံသိုင်းပညာတွေလည်း တတ်မြောက်လာခဲ့ပါတယ်။
တစ်ရက်မှာတော့ "ချီလုယန်း" တစ်ယောက် ချောင်းထဲကို ပစ်ချခံထားရတဲ့ "ယွမ်ဝေဝေ" အမည်ရှိ ကလေးမလေးတစ်ယောက်ကို တွေ့ရှိ ကယ်တင်ပြီး "ယွမ်ဝေဝေ" နောက်က လိုက်လံ အန္တရာယ်ပေးသူတွေရဲ့ရန်က ကင်းဝေးအောင် "ဝေကျင်း" အမည်နဲ့ မွေးစားခဲ့ပါတယ်။
ဒီလိုနဲ့ "ချီလုယန်း" နဲ့ "ဝေကျင်း" တိုဟာ အလွန်ချစ်ကြတဲ့ မောင်နှမ အဖြစ် "ရှန်တုံမြို" မှာ လူသိလာကြပေမယ့် သူတိုနှစ်ဦးလုံးရဲ့ နောက်ကြောင်းရာဇဝင်ကိုတော့ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။
"ယိုဟူးဂေဟာ" က ကျောင်းသားတစ်ဦးဖြစ်တဲ့ "ဝိုဖူး" ကတော့ "ချီလုယန်း" ကို ချစ်ခင်ပေါင်းသင်းတဲ့ တစ်ဦးတည်းသော လူကုံတန် သားသမီးတစ်ယောက်ဖြစ်ပြီး "ချီလုယန်း" တစ်ယောက် ပညာခိုးသင်နေတာကို "ယိုဟူးဂေဟာ" က ဖမ်းမိသွားတာကြောင့် အပြစ်ပေးခံရတဲ့အခါမှာလည်း အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါတယ်။
ဒါ့အပြင် ယိုဟူးဂေဟာသခင်ကြီး ရဲ့သမီး သခင်မလေး "ကျုံဖေးရှာ" ကလည်း "ချီလုယန်း" အပေါ် သံယောဇဉ်တွယ်ငြိသွားတဲ့အတွက် အပြစ်ကလွတ်အောင် ကူညီပေးခဲ့သလို နောက်ပိုင်းမှာလည်း "ချီလုယန်း"၊ "ဝိုဖူး"၊ "ကျုံဖေးရှာ" နဲ့ "ဝိုဖူး" ရဲ့ ချစ်သူ "ဟန်စူးယန်" တိုဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာကြပါတယ်။
"ကြယ်တံခွန်" စားသောက်ဆိုင်ပိုင်ရှင် သူဌေးကြီး "ထိုက်လု" ကလည်း "ချီလုယန်း ရဲ့ အရည်အချင်းကို သိရှိတာကြောင့် ဆိုင်တာဝန်ခံအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တဲ့အတွက် "ချီလုယန်း" လည်း လူတစ်လုံး သူတစ်လုံးဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ "ကျုံဖေးရှာ" နဲ့ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ "ချီလုယန်း" ရော၊ "ဝေကျင်း" ပါ မျိုးရိုးဇစ်မြစ် မသိကြတဲ့အတွက် လူတချိုရဲ့ အထင်သေးမှုကို ခံနေကြရပြီး ယိုဟူးဂေဟာသခင်ကြီး "ကျုံယိုဟူး" ကလည်း သူ့ရဲ့သမီး "ကျုံဖေးရှာ" နဲ့ မပတ်သက်ဖို "ချီလုယန်း" ကို ဖိအားပေးခဲ့ပါတယ်။
တစ်ရက်မှာ "ထိုက်လု" ရဲ့ ဇနီး "ကျွတ်ရီ" အသတ်ခံရတဲ့အမှုအတွက် "ချီလုယန်း" တစ်ယောက် သံသယတရားခံအဖြစ် ဖမ်းဆီးခံနေရစဥ် "ဝေကျင်း" ဟာလည်း ပျောက်ဆုံးသွားခဲ့ပြီး လူသတ်မှု တရားခံကို "ချီလုယန်း" ကိုယ်တိုင် ကြိုးစားဖော်ထုတ်ပေးနိုင်ခဲ့ပေမယ့် ညီမဖြစ်သူ "ဝေကျင်း" ကိုတော့ ပြန်မတွေ့တော့ပါဘူး။
အဲဒီနောက်မှာတော့ အရာရာကို စိတ်နာသွားတဲ့ "ချီလုယန်း" ဟာ မိမိရဲ့ ဘဝမှန်နဲ့ "ဝေကျင်း" ရဲ့ ဘဝအမှန်ကို ဖော်ထုတ်ဖို "ရှန်တုံမြို" ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီး ... ။
📚 ၄ အုပ်တွဲ