လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
သိမ်းငှက်မြို့စားကြီး "ချူးတာ့အိန်း" ဟာ မတရား အာဏာသိမ်းဖိုကြိုးစားနေတဲ့ ပညာသင်ဘက် သရဲမြိုစားကြီး "ကျင်းဝှမ်ကျန့်" ရဲ့ အကောက်ကြံမှုကြောင့် အဆိပ်မိနေခဲ့ပါတယ်။
အဲဒီအချိန်မှာ "ကျင်းဝှမ်ကျန့်" က "ချူးတာ့အိန်း" ဟန်ဆောင်ပြီး ရတနာမြေပုံပါဝင်တဲ့ "ရွှေနဂါးရုပ်တု"နဲ့ "ပုလဲ ၈၆ လုံး" ကို ပုန်ကန်ထကြွမယ့် သူ့ဘက်တော်သားတွေရှိရာ "သိမ်းငှက်မြို့" ကို အာမခံဌာနတွေကတဆင့် ပိုဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ "ချူးတာ့အိန်း" က နှင်းဓါး "လုံဆင်ပိ" ထံ အကျိုးအကြောင်း စာရေးသားပေးပို့ပြီး လျှို့ဝှက် အကူအညီတောင်းခဲ့တဲ့အတွက် "လုံဆင်ပိ" က ဓါးသမား "စန်ကွမ်း" ဦးဆောင်တဲ့ အာမခံဌာန ၇ ခုကို တိုက်ခိုက်ကာ ပစ္စည်းတွေကို ကြားဖြတ် လုယူခဲ့တဲ့အတွက် "သရဲမြို့စားကြီး" ရဲ့ အကြံအစည်က မအောင်မြင်ခဲ့ပါဘူး။
အဲဒီအချိန်မှာ သိမ်းငှက်မြို့စားကြီး "ချူးတာ့အိန်း" ရဲ့သားဖြစ်သူ "ရှောင်အိန်း" က နှစ်ချီပျောက်ဆုံးနေတဲ့ ဖခင်ကို ရှာဖွေဖို့ ပြည်မကို လိုက်လာရင်း ဓါးပြအဖြစ် နာမည်ပျက်နေတဲ့ "လုံဆင်ပိ" အကြောင်းကို သိလာရပေမယ့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အဖြစ်အပျက်တစ်ခုလုံးရဲ့ အဓိကတရားခံက "လုံဆင်ပိ" မဟုတ်ဘူးလို ယုံကြည်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "သိမ်းငှက်မြို့စားကြီး" နဲ့ "သရဲမြို့စားကြီး" တို့ရဲ့ အားပြိုင်ပွဲမှာ "လေ" လို ထိန်းချုပ်ရခက်ခဲတဲ့ "လုံဆင်ပိ"၊ နေရာတကာ ဝင်ပါတတ်တဲ့ "ဝေ့ခုံးခုံး"၊ အရက်အလွန်ကြိုက်တဲ့ လူဝကြီး "ထန်ကြိုချွမ်း"၊ မဟုတ် မခံတတ်တဲ့ "စုမာရဲ" တို့ ပါဝင်လာကြတဲ့အခါ ... ။
("နန္ဒကျော်သူ" ရဲ့ "နှင်းဓါးဗေဒါ"၊ နှစ်အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "သဲကန္တာရစွန်ရဲ" လုံးချင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "နှင်းဓါးဗေဒါ" ကို ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်)
📚 ၂ အုပ်တွဲ