"ချွေးယင်း ပြဇာတ်အဖွဲ" ပိုင်ရှင် "စုံကျင်းထင်" နဲ့ "ယန်ရှန်း" တို့ဇနီးမောင်နှံဟာ သမီးနှစ်ဦးဖြစ်တဲ့ "စီစီ"၊ "စုစု" တို့နဲ့အတူ မြို့တကာလှည့်လည် ဖျော်ဖြေရင်း မန်ချူးတွေရဲ့ သတင်းကို တော်လှန်ရေးတပ်ဖွဲတွေထံ ပေးပို့ခဲ့ကြပါတယ်။
ကျန်းနန်နယ်၊ စုကျူးမြို့ အရောက်မှာတော့ သူတို့ပြဇာတ်အဖွဲ့ သွားလေရာကို တကောက်ကောက်လိုက်ပါနေတဲ့ "ဖန်ဟို" အမည်ရှိ သူဌေးသားတစ်ဦးကို ပြဇာတ်အဖွဲ့မှာ အလုပ်ကြမ်းသမားအဖြစ် အလုပ်ခန့်ခဲ့ပါတယ်။
"ဖန်ဟို" ဟာ "စီစီ" ကို နှစ်သက်သဘောကျနေတဲ့အတွက် တကောက်ကောက်လိုက်ပါနေသူလို့ ထင်စရာရှိပေမယ့် "ဖန်ဟို" မှာ လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိလိမ့်မယ်ဆိုတာ နားလည်ထားတဲ့အတွက် "စုံကျင်းထင်" တို့က တမင် အလုပ်ခန့်ခဲ့တာ ဖြစ်ပါတယ်။
မကြာခင်မှာပဲ "စုံကျင်းထင်" တို့ ဇနီးမောင်နှံကို စုကျူးမြို အာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို နေပြည်တော်က "ပွေလိပ်" မင်းသားလေး "ယုံချီ"၊ စစ်ဘက်ရေးရာမြို့စားကြီး "ကျန်းစုချူး" နဲ့ "နှင်းဆီ ၁၂ ပွင့်" အဖွဲ့ တို့က ပြဇာတ်အဖွဲ့ကတဆင့် မျိုးချစ်တော်လှန်ရေးသမားတွေကို ဖမ်းမိဖို့ အကွက်ချ ကြိုးစားခဲ့ပါတယ်။
အဲဒီအခါမှာတော့ ပြဇာတ်အဖွဲ့ လွတ်မြောက်ရေးအတွက် "ဖန်ဟို" က ဝင်ရောက် ကယ်တင်ပေးခဲ့ပြီး မင်းသားလေးနဲ့အပြိုင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ယှဥ်ပြိုင်ကြတဲ့အခါ ... ။
📚 လုံးချင်း