"ဟန်ကျူး" မြို့က မြင်းလှည်းသမားလူငယ်လေး "ယင်ကျင်း" တစ်ယောက် ကြွက်ပျင်းကြီး "ရှမ်းကျုံး" ရဲ့ အတင်းအကြပ် ဖမ်းဆီး ခိုင်းစေမှုကြောင့် ရေတွင်းပျက်ကြီးထဲက "အာယုဒိဗ္ဗသစ်သီး" ကို ဆင်းခူးပေးရင်း ရေတွင်းပျက်ကြီးထဲမှာ ကြွက်ပျင်းကြီး "ရှမ်းကျုံး" နဲ့ မိစ္ဆာမယ် "ကွေ့ဖုံး" တို့လင်မယား က နှစ်ပေါင်း ၃၀ ကြာ ဖမ်းဆီးအကျဥ်းချထားတဲ့ "မှင်စာလေး" ကို တွေ့ရှိ ကယ်တင်ခဲ့ပါတယ်။
အဲဒီနောက် ကြွက်ပျင်းကြီး "ရှမ်းကျုံး" နဲ့ မိစ္ဆာမယ် "ကွေ့ဖုံး" တိုလင်မယား က "ယင်ကျင်း" နဲ့ "မှင်စာလေး" တို့ နှစ်ဦးလုံးကို အပြတ်ရှင်းဖို့ ကြိုးစားနေစဥ် အဆိပ်အပ်ထိသွားတဲ့ "ယင်ကျင်း" ကို "မှင်စာလေး" က "အာယုဒိဗ္ဗသစ်သီး" ကျွေးခဲ့တာကြောင့် အသက်မသေဘဲ အတွင်းအားအလွန်ကြီးမားသွားခဲ့ပေမယ့် တဖက်ကလည်း "အဆိပ်" နဲ့ "အာယုဒိဗ္ဗသစ်သီး" ပေါင်းစည်းမိပြီး တစ်ကိုယ်လုံးမှာ စိမ်းဖန့်ဖန့် အလင်းရောင်တွေ ထွက်ပေါ်နေခဲ့ပါတော့တယ်။
သိုင်းပညာကို စိတ်မဝင်စားဘဲ သာမန်လူအဖြစ်သာ နေထိုင်လိုတဲ့ "ယင်ကျင်း" ဟာ "မှင်စာလေး" ရဲ့ သိုင်းပညာသင်ပေးမှုကို ငြင်းဆန်ပြီး သူ့ရောဂါကို ကုသပေးနိုင်မယ့် လက်ဗလာ သမားတော်ကြီး "ပုယိုစူး" ကို "မှင်စာလေး" နဲ့အတူ လိုက်လံရှာဖွေနေခဲ့ပေမယ့် မျက်စိရှေ့ ကြုံတွေ့လာတဲ့ မတရားမှုတွေကို ဝင်ရောက်ဖြေရှင်းပေးရင်း သိုင်းလောကထဲကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါတယ်။
တဖက်မှာလည်း "အာယုဒိဗ္ဗသစ်သီး" ကို ဆုံးရှုံးသွားတဲ့ မိစ္ဆာမယ် "ကွေ့ဖုံး" ဟာ "ယင်ကျင်း" ရဲ့ သွေးကိုထုတ်ယူကာ အတွင်းအားတိုးဆေးဖော်စပ်ဖို့ ဆက်လက်ကြံရွယ်ခဲ့ပြီး အဲဒီအကြံအစည်ကို သူ့ရဲ့ ပညာသင်ဘက်အစ်မ သက်ခြွေမယ် "ရှောင်ရဲ" ကို ပြောပြခဲ့တဲ့အခါ "ကွေ့ဖုံး" ထက် ပိုမိုရက်စက်သူ "ရှောင်ရဲ" က "ကွေ့ဖုံး" ကို နှုတ်ပိတ်ပြီး "ယင်ကျင်း" ကို ဖမ်းမိဖို့ ကြိုးစားပါတော့တယ်။
တကယ်တော့ သိုင်းပညာကို ဝါသနာမပါတဲ့ "ယင်ကျင်း" ဟာ "မှင်စာလေး" ရဲ့ သိုင်းကွက်တချို့ကိုသာ သင်ယူတတ်မြောက်ထားခဲ့ပေမယ့် ကြီးမားတဲ့ အတွင်းအားနဲ့ စိမ်းဖန့်ဖန့် ကိုယ်အလင်းရောင်ကြောင့် "ဖန်မီးအိမ်သိုင်းလုလင်" အဖြစ် အမည်ရလာခဲ့ပြီး သက်ခြွေမယ် "ရှောင်ရဲ" က အရှေ့ကျွန်း က "ပလွေရှင်" နဲ့ ပူးပေါင်းကာ "ယင်ကျင်း" ကို ဖမ်းမိဖို့ ထောင်ချောက်ဆင်ခဲ့တဲ့အခါမှာတော့ ... ။
📚 ၂ အုပ်တွဲ