မိဘမဲ့ လူငယ်လေး "ရဲ့မိန်ကျန်း" ဟာ ဆွေမျိုးနီးစပ်တော်စပ်သူ "ဘဘဝမ်" မကွယ်လွန်မီ ပြောကြားခဲ့ချက်အရ သူ့ရဲ့မိဘတွေဟာ "နှင်းငွေ့မိစ္ဆာမောင်နှံ" ဖြစ်ကြောင်း သိခဲ့ရပေမယ့် ဘယ်လိုရှာဖွေရမှန်း မသိဖြစ်နေစဥ်မှာ တမိုးအောက်တယောက် ဓါးကိုယ်တော် "ရိုယွင်ဝမ်" က "အတွင်းအားစုပ်သိုင်း" သင်ကြားပေးခဲ့တဲ့အတွက် သိုင်းလောကသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ခါတော်မီဓါးသမား "ရဲ့မိန်ကျန်း" အဖြစ် သိုင်းလောကထဲအခြေချလာသူ "ရဲ့မိန်ကျန်း" ကို မိန်းမဆိုးလေး ဝိညာဥ်နှုတ်လှသူဇာ "ချွေ့စင်"၊ မိန်းမချောလေး "နန်းကုန်ထိုက်"၊ မိန်းမချောလေး "လိုစွမ်ကျင်း" တိုက ဝိုင်းကြိုက်ခဲ့ကြသလို သိုင်းလောက အဓိပတိချုပ်ဟောင်း "ယန်မုန်လင်း"၊ ငတက်ပြား "ကျောက်ကွမ်" တိုလို ဝါရင့်သိုင်းသမားကြီးတွေကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ နာမည်ရလာခဲ့ပါတယ်။
ကံကောင်းချင်တော့ ငတက်ပြား "ကျောက်ကွမ်" ရဲ့ ကျေးဇူးကြောင့် ရှားပါး မြွေနက် ၂ ကောင် စားခဲ့ရပြီး အတွင်းအားတိုးလာတဲ့ "ရဲ့မိန်ကျန်း" ဟာ "ဓါးမြတ်ကိုယ်တော်ကြီး" နဲ့ ဆုံတွေ့ရချိန်မှာတော့ သူသိပ်သိချင်နေခဲ့တဲ့ သူ့မိဘတွေရဲ့ အကြောင်းကို သိလာခဲ့ရပါတယ်။
တချိန်က "ဓါးမြတ်ကိုယ်တော်ကြီး"၊ "လက်သီးဝိဇ္ဇာ" နဲ့ "ခြေရူးရှင်ချွန်" ဟာ ပညာသင်ဘက် ညီအကိုတွေ ဖြစ်ကြပြီး "သွေးနီသိုင်းကျမ်း" ကို ရဖိုအတွက် "လက်သီးဝိဇ္ဇာ" နဲ့ "ခြေရူးရှင်ချွန်" တို့က ဆရာဖြစ်သူကို ပူးပေါင်းလုပ်ကြံခဲ့တဲ့အခါ "ဓါးမြတ်ကိုယ်တော်ကြီး" လည်း ဘေးလွတ်ရာ ရှောင်ပုန်း နေထိုင်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲ နာမည်ရနေတဲ့ "ရဲ့မိန်ကျန်း" ရဲ့ မိဘနှစ်ပါးကို "လက်သီးဝိဇ္ဇာ" နဲ့ "ခြေရူးရှင်ချွန်" တို့က အကောက်ကြံဖမ်းဆီးပြီး "နှင်းငွေ့မိစ္ဆာဂိုဏ်း" ကို တည်ထောင်ခဲ့တဲ့အပြင် "ရဲ့မိန်ကျန်း" ရဲ့ ဘကြီး "ရဲ့ထင်အော်" နဲ့ ဇနီး "ချောက်ယွင်း" တို့ကိုလည်း စိတ်ပြောင်းဆေး တိုက်ကျွေးထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
အကြောင်းစုံ သိလာရပြီးနောက်မှာတော့ "ရဲ့မိန်ကျန်း" ဟာ "နှင်းငွေ့မိစ္ဆာဂိုဏ်း" ကို နှိမ်နင်းပြီး မိဘနှစ်ပါးဖြစ်တဲ့ "ရဲ့ထင်အောက်" နဲ့ "ရဲ့ထင်ယိ" တို့ကို ရှာဖွေဖို စတင်ကြိုးစားခဲ့သလို အခြား ဒုစရိုက်ဂိုဏ်း တစ်ခုဖြစ်တဲ့ "ထိုက်ပန်ဆန်ဂိုဏ်း" ကိုလည်း ရင်ဆိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့လိုပဲ "သွေးနီလျှပ်စစ်သိုင်း" ကို တတ်မြောက်တဲ့ သိုင်းသမားတစ်ဦးက "ဝူတန်ဂိုဏ်း" နဲ့ "ရှောင်လင်ဂိုဏ်း" ကို တိုက်ခိုက်ခဲ့တဲ့အတွက် "ရဲ့မိန်ကျန်း" တစ်ယောက် အများရဲ့ အထင်မှားမှုကို ခံခဲ့ရပြီး ဇနီးဖြစ်သူ "နန်းကုန်ထိုက်" လည်း "လက်သီးဝိဇ္ဇာ" ရဲ့လက်ချက်နဲ့ အသက်ဆုံးပါးခဲ့ရပါတယ်။
နောက်ဆုံးမှာ "ရဲ့မိန်ကျန်း" ဟာ မိဘနှစ်ပါးကို ပြန်တွေ့ခဲ့ရပေမယ့် "နှင်းငွေ့မိစ္ဆာဂိုဏ်း" ထက် ပိုဆိုးတဲ့ "မဟူရာလျှပ်စစ်ဂိုဏ်း" ကလည်း သိုင်းလောကကို စိုးမိုးဖို့ကြိုးစားလာတဲ့အခါ မပြီးဆုံးနိုင်တဲ့ ရန်ငြိုးသံသရာတွေကြားမှာ စိတ်ဖောက်ပြန် ရူးသွပ်သွားခဲ့ပြီးနောက် ... ။
📚 ၄ အုပ်တွဲ